6 ပတ် - ဘာသာပြန်ပါ။

သဘာဝအရသာနဲ့ ကြွပ်ကြွပ်ရွရွလေး
အိမ်လုပ် #ငှက်ပျောသီးကြော်
ဒီနေ့တော့ ငှက်ပျောသီး အစိမ်းလေးတွေ ဝယ်လာပြီး အကြွတ်ကြော်လေး ကြော်စားပါတယ် စားလို့အရမ်းကောင်းပြီး ကြော်ရတာလဲ လွယ်ကူလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ...
ငှက်ပျောသီးအစိမ်း - ငါးလုံး
ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ဆီ - လိုသလောက် သုံးပေးပါ
"ပြင်ဆင်ပုံ"
ငှက်ပျောသီးများကို အခွံခွာပေးပါ
အခွံခွာပြီးတာနဲ့ ရေနှင့် ဆေးပေးပြီး ရေစစ်ပေးပါ
ရေစစ်သွားတာနဲ့ ခြစ်ခုံလေးနှင့် ခြစ်ချပေးပါ
ငှက်ပျောသီးအားလုံး ခြစ်ပြီးတာနဲ့ ဆားနှင့် နနွင်းမှုန့်ထည့်ကာ အရသာ ဝင်သွားအောင် နယ်ပေးပါ
ပြီးတာနဲ့ ဇောက်နက်သော အိုးထဲကို ဆီခပ်များများ ထည့်ပေးကာ အပူပေးပါ
ဆီပူလာတာနဲ့ မီးကို အနေတော်လောက် လျှော့ပေးပြီး ငှက်ပျောသီးများကို အိုးဆန့်သလောက် ထည့်ပေးပါ
ငှက်ပျောသီး ကြော်နေစဉ် အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
ငှက်ပျောသီးများ ရွှေဝါရောင် သန်းလာပြီး ကြွ
#ရွလာပါက ဆီပေါ်ကို တက်လာပါလိမ့်မယ်
ပြီးတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
ဆီစစ်သွားတာနဲ့ ငှက်ပျောသီး အစိမ်းကြော် ကြွတ်ကြွတ်မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

image