6 w - Translate

သီချင်းတစ်ပုဒ်ကို ထပ်ခါထပ်ခါ repeat
လုပ်ပြီး နားထောင်တတ်တဲ့သူ။
အစားအသောက်တစ်ခု ကောင်းရင် ဒီတစ်ခုကိုပဲ
စွဲစွဲမြဲမြဲစားတတ်သူ။
စားသောက်ဆိုင်ထဲ ထိုင်နေကျနေရာမှာပဲထိုင်တတ်သူ။
ဝယ်နေကျဆိုင်မှာပဲ ဝယ်တတ်သူ။ဖတ်ပြီးသား
စာအုပ်ပြန်ပြန်ဖတ်တာမျိုး။ကြည့်ပြီးသားရုပ်ရှင်ကို
မကြာမကြာဆိုသလို ပြန်ကြည့်တတ်တဲ့လူမျိုး။
ဆိုလိုတဲ့သဘောက
စိတ်အပြောင်းအလဲ မမြန်ဘူး။အစွဲအလမ်း
ကြီးတယ်။အလေးအနက်ထားတယ်။
serious သမား။အထိအရှလွယ်သမား။
ဒီလိုလူမျိုးတွေက သိပ်ချစ်တတ်ကြတယ်။
ပိတောက်ဆို ပိတောက်ပဲဆိုတဲ့လူမျိုး။
ဘူးဆိုရင် ဖရုံမသီးတဲ့လူမျိုး။
ဒီလိုလူမျိုးတွေနဲ့ ချစ်သူတော်ခွင့်ရရင်
သည်းသည်းလှုပ်ချစ်ပေးတာ ခံရတဲ့အပြင်
အချစ်ဆိုတာ ဒီလိုပါလားဆိုတဲ့ warm feeling မျိုးပါ ပေးစွမ်းနိုင်ပါတယ်။
အစွဲအလမ်းကြီးတဲ့ လူတွေက နာကျင်ရရင်လည်း သူများထက် ဆယ်ဆလောက် ခံစားရတယ်။
ဒါပေမဲ့ သူတို့ရဲ့ သစ္စာတရားကြီးမားတဲ့
စိတ်ထား၊သိပ်ချစ်တတ်တဲ့စိတ်ထားလေးက
လေးစားစရာ၊နှစ်လိုဖွယ်စရာ သိပ်ကောင်းပါတယ်။
#credit