6 w - Translate

“ဒဏ္ဍာရီထဲကသတ္တဝါတစ်ကောင်လို
ထူးဆန်းတဲ့ အရောင်၊ပုံသဏ္ဍာန်မျိုးစုံ မြင်တွေ့ရတဲ့ ကျောက်ဖြူမြေခွေးမျိုးစိတ်”
ကျောက်ဖြူမြေခွေးဆိုတာ ဒီလိုမျိုးပါ။
ဖြူ၊ မီးခိုးနဲ့ အမဲရောင် အမွေးတွေ ရောနေတဲ့အတွက် ကျောက်ဖြူမြေခွေးကို ဒဏ္ဍာရီထဲက သတ္တဝါတစ်ကောင်လို ထင်ရစေပါတယ်။
ဒီလိုမျိုး လှပတဲ့ အရောင်အသွေး၊ပုံသဏ္ဍာန်မျိုးစုံကို တောထဲမှာ တွေ့ရမှာ မဟုတ်ပါဘူး။ဘာလိူ့ဆို မွေးမြူရေးခြံတွေမှာ ရွေးချယ်မွေးမြူထားတာကြောင့် ဖြစ်ပါတယ်။
သူတို့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ရှိပေမယ့် တောထဲက မြေခွေးနီတွေလိုပဲ လိမ္မာပြီး စူးစမ်းတတ်တဲ့ သဘာဝကို ပိုင်ဆိုင်ထားပါတယ်။
စိတ်ဝင်စားစရာအချက် ကတော့ ကျောက်ဖြူမြေခွေးတစ်ကောင်စီမှာ ကိုယ်ပိုင်အမွေးပုံစံတွေ ရှိကြပြီး တစ်ကောင်နဲ့တစ်ကောင် ဘယ်တော့မှ ပုံစံတူမှာ မဟုတ်ပါဘူး။အထူးသဖြင့် ဒီကောင်လေးတွေဟာ ကနေဒါ နိုင်ငံမှာအများဆုံးတွေ့နိုင်ပြီး တစ်ချို့ကတော့ အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးမြူကြပါတယ်။

image