စစ်တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက်တွင် ရှိနေသော်လည်း ရက်ပိုင်းအတွင်း ရေပြန်ကျနိုင်
စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်‌ရေမှတ်အထက်သို့ (၁)ပေခွဲကျော် ကျော်လွန်နေပြီး မဒေါက်မြို့တွင်လည်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ပေဝက်ခန့် ကျော်လွန်နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ စက်တင်ဘာ(၄)ရက်နေ့ နံနက်ပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။
သို့သော် တောင်ငူမြို့တွင် နောက်(၁)ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ပြီး မဒေါက်မြို့တွင်လည်း နောက်(၃၆)နာရီ အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းလာနိုင်ကြောင်း မိုး/ဇလ က အသိပေး ထားသည်။

image