Z Flip5 ကနေ ကာဗာ Display နဲ့ BlackBerry စီက ကီးဘုတ်ကို ပေါင်းစပ်ပြီး ဖုန်းတစ်လုံးကိုဖန်တီးထားတယ်
Marcin Plaza ဆိုတဲ့ ချန်နယ်က တင်ထားတဲ့ Video ကတော့ “ဖုန်းတွေက ပျင်းဖို့ ကောင်းလာလို့ ကိုယ်တိုင်ပဲ ဖုန်းတစ်လုံးဖန်တီးလိုက်တယ်”
သူ့ idea ကတော့ ကောင်းတယ် Main Display (ခေါက်မှန်) ပျက်နေတဲ့ Z Flip5 စီက ကာဗာ Display ကိုယူတယ် BlackBerry ဖုန်းစီက ကီးဘုတ်ကို ယူတယ် ဒီနှစ်ခုကို ပေါင်းစပ်ပြီး Slide-Phone လိုပုံစံကို ဖန်တီးခဲ့တာပါ
Modern Tech + Old Design ကို ပေါင်းစပ်ထားပုံပါပဲ
Z Flip5 ရဲ့ ကာဗာ Display ပေါ်မှာ App တွေကို Full Size သုံးနိုင်ဖို့ကတော့ ဘာမှထပ်မလိုဘူး Samsung ရဲ့ Good Lock ကိုသုံးပြီး သူက စမ်းပြသွားတယ်
ကြည့်ရတဲ့ Concept ကတော့ တော်တော်မိုက်ပါတယ်
Mainstream ပေါ်က စမတ်ဖုန်း Company တွေက နောက်ပိုင်းမှာ ပျင်းဖို့ကောင်းတဲ့ဖုန်းတွေပဲထုတ်နေတာကြာပါပြီ
ဒီလိုကြားထဲမှာမှ ခပ်ဆန်းဆန်း Concept လေးတွေ မြင်ရတာလည်း တစ်မျိုးကောင်းပါတယ်
အခုလို Slide Phone Concept ဆိုလဲ မိုက်နေတာပါပဲ တလောကလည်း လက်တစ်ကိုင်စာပဲရှိတဲ့ iKKO Mind One လို့ တကယ်ထုတ်ရောင်းမယ့် ဒီဇိုင်းဆန်းဆန်း ဖုန်းလည်း ထွက်ထားပါသေးတယ်
