6 w - Translate

✅ Gym ကစားသူတိုင်း လိုက်နာသင့်တဲ့
✅ ယေဘုယျအချက်များ
********************************
1 - အလေးနိုင်မှုထက် နည်းစနည်ကျမှု၊
ထိရောက်မှုကို ဦးစားပေးပါ။
2 - အလေး အတင်အချအတွက်
အသက်ရှူသွင်း၊ ရှူထုတ်ကို ဂရုစိုက်ပါ။
3 - ကစားနေချိန် တစ်ကြော့နဲ့
တစ်ကြော့ကြား နားချိန် မကြာပါစေနဲ့။
4 - အလေးအတိုးအလျော့၊
အကြိမ်ရေအတိုးအလျော့နဲ့ ကစားပါ။
5 - Weight Loss သမားများ
Cardio ​ချည်း အားမကိုးဘဲ
Weight Training ကစားပါ။
6 - Weight Gain သမားများ
လွန်ကဲစွာ ကစားချင်စိတ်ကို သတိပြုပါ။
7 - Weight Loss သမားများ Ready Made
အစားအသောက်တွေ စားချင်စိတ်ကို လျှော့ချပါ။
8 - မိမိကစားတဲ့ Training Plan အတိုင်း
ရက်မပျက်ပါစေနဲ့။
9 - Depression မဝင်အောင် နေ့စဥ်
ပေါင်ချိန်စက်ပေါ်တက်ခြင်းကို ဆင်ခြင်ပါ။
10 - Gym ကစားနေချိန်အတွင်း ရေသောက်ပါ။
11 - အဆီ၊ ဆီ၊ အငန် လျှော့စားပါ။
12 - Junk Food တွေ ရှောင်ပါ။
13 - တနေ့တာ စားသမျှထဲ Protein ဓာတ်
ပြည့်ဝစွာ ပါဝင်ပါစေ။
14 - အရသာထက် အာဟာရဖြစ်တဲ့
အစားအသောက်ကို ရွေးချယ်တတ်ပါစေ။
15 - စားသမျှအာဟာရတိုင်း
သန့်ရှင်းလက်ဆတ်နေပါစေ။
16 - အိပ်ချိန်၊ စားချိန် မှန်ပါစေ။
17 - Weight Gain/Loss သမားများ
နေ့စဥ် ကယ်လိုရီလိုအပ်ချက်အတွက်
BMR တွက်ပြီး လိုတိုး၊ ပိုလျှော့ စားသောက်ပါ။
18 - မိမိ Gym ဆရာရဲ့ သင်ပြမှု၊ လမ်းညွှန်မှုကို
လိုက်နာပါ။
#ironvibe
မူရင်းရေးသားသူအား လေးစားလျက် 🙏🙏🙏

image