ဒေါက်တာ Rudolf Diesel ဟာ ၁၈၅၈ ခုနှစ်မှာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ မွေးဖွားခဲ့တဲ့ ဂျာမန်အင်ဂျင်နီယာတစ်ဦး ဖြစ်ပါတယ် သူဟာ အင်ဂျင်တွေကို စိတ်ဝင်စားမှုရှိခဲ့ပြီး အဲဒီအချိန်က စွမ်းဆောင်ရည်နိမ့်ကျတဲ့ ရေနွေးငွေ့အင်ဂျင်တွေကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ဖို့ အထူးစိတ်အားထက်သန်ခဲ့ပါတယ် အပူစွမ်းအင်ကို စက်ပိုင်းဆိုင်ရာစွမ်းအင်အဖြစ် ပိုမိုထိရောက်စွာပြောင်းလဲပေးနိုင်တဲ့ အင်ဂျင်တစ်မျိုးကို တီထွင်ဖို့ သူဆန္ဒရှိခဲ့ပါတယ်
နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုတွေနဲ့ သုတေသနတွေ လုပ်ဆောင်ခဲ့ပြီးနောက် ၁၈၉၇ ခုနှစ်မှာ Rudolf Diesel ဟာ ပထမဆုံးသော ဒီဇယ်အင်ဂျင်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ် ဒီတီထွင်မှုဟာ အလွန်ထူးခြားတဲ့ ဖိသိပ်မှုလောင်ကျွမ်းခြင်း (compression ignition) ဆိုတဲ့နိယာမကို အသုံးပြုထားတာပါ ဓာတ်ဆီအင်ဂျင်တွေလို မီးပွားပလပ် (spark plug) ကို အသုံးပြုကာ လောင်စာဆီနဲ့ လေရောနှောမှုကို မီးရှို့တာမျိုးမဟုတ်ဘဲ ဒီဇယ်အင်ဂျင်က လေကို အလွန်မြင့်မားတဲ့ ဖိအားအထိ ဖိသိပ်ပေးပါတယ်
ဒီဖိသိပ်မှုကြောင့် လေရဲ့အပူချိန်ဟာ ၁,၀၀၀°F (၅၃၈°C) ကျော်အထိ မြင့်တက်လာပါတယ် အဲဒီလို အလွန်ပူပြင်းနေတဲ့ လေထဲကို လောင်စာဆီထိုးသွင်းလိုက်တဲ့အခါ မီးပွားမလိုဘဲ လောင်ကျွမ်းသွားတာ ဖြစ်ပါတယ် ဒီဖြစ်စဉ်ကြောင့် ဒီအင်ဂျင်ဟာ အဲဒီခေတ်က ရေနွေးငွေ့အင်ဂျင်တွေနဲ့ အစောပိုင်းဓာတ်ဆီအင်ဂျင်တွေထက် အများကြီး ပိုမိုစွမ်းဆောင်ရည်မြင့်မားခဲ့ပါတယ်
အစောပိုင်း စမ်းသပ်မှုတွေပြုလုပ်နေစဉ်မှာ Diesel ဟာ အလွန်အန္တရာယ်များတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ၁၈၉၃ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတစ်ခုက ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သူဟာ ေxသလုနီးပါးဖြစ်ခဲ့တဲ့အပြင် ကျန်းမာရေးပြဿနာတွေကိုလည်း အပြီးတိုင် ခံစားခဲ့ရပါတယ် ဒီလိုအနှောင့်အယှက်တွေကြားကနေ သူဟာ စိတ်ဓာတ်မကျဘဲ ဆက်လက်ကြိုးစားခဲ့ပါတယ်
ဒီဇယ်အင်ဂျင်ရဲ့ စွမ်းဆောင်ရည်မြင့်မားမှု နဲ့ ကြာရှည်ခံမှုတို့ဟာ မကြာမီမှာဘဲ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်
၂၀ ရာစုအစောပိုင်းမှာ ပထမဆုံး ဒီဇယ်-လျှပ်စစ်ရထားခေါင်းတွဲတွေကို ပါဝါပေးခဲ့ပြီး ရထားခရီးသွားလာမှုကို ပိုမိုထိရောက်စေခဲ့ပါတယ် ၁၉၂၀ ပြည့်နှစ်နဲ့ ၁၉၃၀ ပြည့်နှစ်တွေမှာ ကုန်တင်ကားတွေနဲ့ ဘတ်စ်ကားတွေမှာ စတင်အသုံးပြုလာခဲ့ပြီး ဝန်ကြီးတဲ့ပစ္စည်းတွေကို ခရီးဝေးထိ သယ်ယူပို့ဆောင်နိုင်ခဲ့ပါတယ် ယနေ့ခေတ်မှာဆိုရင်လည်း ကမ္ဘာပေါ်က ကုန်ပစ္စည်းအများစုကို သယ်ယူပို့ဆောင်ပေးနေတဲ့ ဧရာမကုန်တင်သင်္ဘောကြီးတွေဟာ ဒီဇယ်အင်ဂျင်ကြီးတွေနဲ့ဘဲမောင်းနှင်နေကြတာ ဖြစ်ပါတယ် ဒါတင်မကသေးဘဲ ဒီဇယ်အင်ဂျင်ရဲ့ ခိုင်မာပြီးတာရှည်ခံမှုကြောင့် ရေငုပ်သင်္ဘောတွေ၊ တင့်ကားတွေနဲ့ အခြားစစ်ဘက်သုံးယာဉ်တွေမှာပါ အသုံးပြုလျက်ရှိပါတယ်
၁၉၁၃ ခုနှစ်မှာ Rudolf Diesel ဟာ သင်္ဘောတစ်စင်းပေါ်ကနေ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတယ် ဒါပေမဲ့သူ့ရဲ့ တီထွင်မှုကတော့ ယနေ့တိုင်အသက်ဝင်နေဆဲဖြစ်ပါတယ် ယနေ့ခေတ်မှာတော့ လေထုကိုပိုမိုသန့်ရှင်းတဲ့ စွမ်းအင်ကို ဖော်ဆောင်ဖို့အတွက် လျှပ်စစ်ကားတွေ ပေါ်ထွက်လာပေမဲ့ ကြီးမားတဲ့ ကုန်ပစ္စည်းတွေ နဲ့ စွမ်းဆောင်ရည်မြင့်မားဖို့ လိုအပ်တဲ့လုပ်ငန်းတွေအတွက်တော့ ဒီဇယ်အင်ဂျင်တွေဟာ အရေးပါနေဆဲဖြစ်ပါတယ်
အခုလက်ရှိမှာတော့ ဇီဝဒီဇယ် (biodiesel) နဲ့ ပိုမိုထိရောက်တဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှု ထိန်းချုပ်ရေးစနစ်တွေလိုမျိုး တီထွင်ဆန်းသစ်မှုတွေကနေတစ်ဆင့် ဒီဇယ်အင်ဂျင်တွေကို ပိုမိုရေရှည်တည်တံ့အောင် ပြုလုပ်ဖို့စမ်းသပ်နေကြပါတယ် Rudolf Diesel ရဲ့ တီထွင်မှုဟာ အင်ဂျင်တစ်လုံးကို တီထွင်ခဲ့ရုံသာမကဘဲ ခေတ်မီကမ္ဘာ့သယ်ယူပို့ဆောင်ရေးနဲ့ စက်မှုလုပ်ငန်းသုံးစွမ်းအင်တွေအတွက် အုတ်မြစ်ချပေးခဲ့တာလည်း ဖြစ်ပါတယ်
#knowledge #ဗဟုသုတ #whatthefacts #facts
