6 w - Translate

သေဆုံးသွားတဲ့ ဝိညာဉ်တွေကိုမြင်တွေ့နိုင်ပြီး စကားပြောနိုင်တဲ့ကောင်လေး...

ParaNorman (2012)

ဒီကားလေးဟာ မက်ဆာချူးဆက်ပြည်နယ်ရဲ့ မြိုဟောင်းတစ်ခုကို အခြေခံပြီးရိုက်ကူးထားတဲ့ သရဲဇတ်လမ်းကား တစ်ကားပါ…
အသက် ၁၁ နှစ်အရွယ် နော်မန် (Norman Babcock) ဆိုတဲ့ ကောင်လေးကတော့ အဓိကဇတ်ကောင်နေရာကနေပါဝင်ထားပါတယ်…
နော်မန့်မှာ မွေးရာပါစွမ်းရည်တစ်ခု လက်ဆောင်ရထားပါတယ်…
အဲ့ဒါကတော့ သေဆုံးသွားတဲ့ဝိညဉ်တွေကို မြင်တွေ့နိုင်ပြီး စကားပြောနိုင်တာပါ…
သူမြင်တွေ့နေရတာတွေကို ဘယ်သူမှ မမြင်တဲ့အတွက် အရူးတစ်ယောက်လို သတ်မှတ်ခံထားရပါတယ်…
သူ့မိသားစုကကတောင် သူ့ကိုမယုံပါဘူး…
သူတိုမြိုလေးမှာ စုန်းမတစ်ယောက်ရဲ့ကျိန်စာအကြောင်း ပုံပြင်ဇာတ်လမ်းလေးရှိနေခဲ့ပါတယ်…
ဒါပေမယ့် အဲ့ဒီ ဇာတ်လမ်းမှာ အမှန်တကယ်ရှိနေခဲ့ပါတယ်…
နောက်ပြီး အဲ့ဒီမြိုလေးကလူတွေအားလုံးရဲ့ကံကြမ္မာနဲ့သက်ဆိုင်နေပါတယ်…


ဒီလိုနဲ့ တစ်နေ့မှာ ဝိညဉ်တွေနဲ့ စကားပြောဆိုနိုင်တဲ့ နော်မန့်ဆီကို စုန်းမရဲ့ကျိန်စာကိုရပ်တန့်ပေးဖို
ရုတ်တရက်တာဝန်တစ်ခုပေးခြင်း ခံလိုက်ရတဲ့ အခါမှာတော့…..

နော်မန်တစ်ယောက် စုန်းမရဲ့ ကျိန်စာကို ရပ်တန့်နိုင်ပြီး လူတွေအားလုံးကို ကယ်တင်နိုင်မှာလား…
စုန်းမကရော ဘယ်လိုအဆုံးသတ်သွားမလဲ ဆိုတာတွေကိုတော့ ဆက်လက်ရှုစားကြပါဦးလို….

ဒီကားလေးဟာ ပထမဆုံး အရုပ်သေးသေးလေးတွေ နဲ့ stop-motion 3D နည်းပညာကို သုံးထားတဲ့ Animation ကား တစ်ကားဖြစ်ပါတယ်…
ရုပ်ရှင်ကားကို အင်မတန်လက်ဝင်တဲ့ လူရုပ်သေးသေးလေးတွေ၊အဆောက်အဦးသေးသေးလေးတွေလုပ်ပြီး ရိုက်ကူးထားတာပါ…
ဘယ်လိုဖန်တီးရိုက်ကူးထားသလဲဆိုတာကို YouTube ကနေ ရှာဖွေကြည့်ရှုနိုင်ပါတယ်


➡️ ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လိုရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)⬇️

https://t.me/+nqhhs6tGKeRjZjA1

➡️ ဇာတ်ကားကြည့်ရန်လင့်⬇️

https://t.me/c/2088510221/3004

image