မမြဲခြင်းဆိုတာ တကယ်ရှိတယ်
အစရှိရင် အဆုံးဆိုတာ ရှိတယ် ။
ရှိခြင်းရှိရင် ပျက်ခြင်းရှိတယ် ။
ဘယ်အရာမှ မမြဲဘူးဆိုတဲ့ သဘောကို
အသိက လက်ခံပေးခဲ့ပေမယ့် ။
အရှိမှာတော့ မြဲမယ့်အထင်နဲ့
ခဏတာလေးပဲ ဖြစ်ဖြစ်ပေါ့... ။
ကြည်နူးချင်ခဲ့ ကြသလို
ပျော်ရွှင် နေတတ်ခဲ့ကြတယ် ။
အချိန်တွေဟာ...
မနေ့ကနဲ့ ဒီနေ့မတူတော့ပြန်ဘူး ။
ဒီလိုပါပဲ မနေ့ကနုပျိုခြင်းဟာ
ဒီနေ့ အိုမင်းခြင်းအတွက်ဖြစ်လာတယ် ။
မနေ့က ဆုံတွေ့မူ့ တွေဟာ
ဒီနေ့ ခွဲခွာရစေဖို့ အချိန်တွေနဲ့
ပိုပြီးတော့ နီးစပ်လာပြန်ခဲ့ပြီ... ။
ကိုယ့်ရဲ့ အသိစိတ်ကို
မသိစိတ်က အနိူင်ယူသွားတဲ့အခါ...
မမြဲခြင်းဆိုတာကို သတိမရတော့ဘူး ။
အရှိကို လက်မခံနိူင်ခြင်း ဟာလဲ
တကယ်တော့ လူ့ဘဝတစ်ခုရဲ့
အကြီးမားဆုံး နောင်တတစ်ခုပါပဲ ။
ဒါကြောင့်ပေါ့...
အရှိကို သတိကပ်
လွှင့်ပြန့်စိတ် အာရုံတွေကြားမှာ
သတိဖြင့် ဆင်ခြင်ပြီး ပဲ့ကိုထိန်း
ယိမ်းယိုင်သွားတဲ့ စိတ်အာရုံကြားမှာ
စက္ဏန့်တိုင်း အချိန်တိုင်းဟာ
ကိုယ့်အတွက် တန်ဖိုးအရှိဆုံး
အချိန်ရယ်လို့ ရင်တွင်းမှာထည့်မှတ်
ပျက်ခြင်း မကြုံခင်ကြားလေးမှာ
တန်ဖိုးရှိတဲ့ အရာတွေနဲ့ ကုန်ဆုံး
အော်... နောင်သံသရာ အထိ
အလှပဆုံး ဖြစ်တည်အောင်ပေါ့ ။
#မိုးမခ ( ဧရာ အနောက် )
