ကြက်ဟင်းခါးသီး ဝက်သားအစာသွပ် အရသာမခါးအောင် ချက်နည်း 🥰
ဒီချက်နည်းက ကြက်ဟင်းခါးသီးရဲ့ ခါးသက်သက်အရသာကို ကောင်းကောင်း လျော့ချပေးနိုင်ပါတယ်။
ပြုလုပ်နည်းအဆင့်ဆင့်......
* ကြက်ဟင်းခါးသီးကို ရေဆေးပြီး အတုံးလေးတွေလှီးပါ။
အတွင်းသား အစေ့တွေကို ဖယ်လိုက်ပါ။
* ဆားရည်ထဲမှာ (ရေ ၁ လီတာ၊ ဆား စားပွဲတင်ဇွန်း ၁ ဇွန်း) နဲ့
၅ မိနစ်ခန့် ပြုတ်ပါ။
* ပြီးရင် ရေအေးထဲမှာ စိမ်ထားပြီး ပြုတ်ထားတဲ့ ဝက်သားကို
အစာသွပ်ပါ။
ကြက်ဟင်းခါးသီးထဲအစာသွပ်မဲ့ ဝက်သား လုပ်နည်း...
* ဝက်သား ၃၀၀ ဂရမ်
* ကြာဇံ ၁၀၀ ဂရမ် (ရေစိမ်ထားပါ)
* နံနံပင်အမြစ်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းတို့ကို
ညက်အောင်ထောင်းထားသော ၁ ဇွန်း
* ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း
* ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
* သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
* အားလုံးကို တစ်သားတည်းဖြစ်အောင် နယ်ပါ။ ပြီးရင်
ပြုတ်ထားတဲ့ ကြက်ဟင်းခါးသီးထဲကို အစာသွပ်ပါ။
ပြုလုပ်နည်း......
ရေကို ဆူအောင်တည်ပြီး အရသာအတွက် ပဲငံပြာရည်အနောက်၊ ပဲငံပြာရည်အကြည်၊ သကြား၊ ဟင်းခတ်အမွှေးအကြိုင်မှုန့်၊ နံနံပင်အမြစ်၊ မှိုခြောက် စတာတွေနဲ့ ရောထည့်ပြီး ဆူလာတဲ့အထိ စောင့်ပါ။
ရေဆူလာရင် ဝက်သားအစာသွပ်ထားတဲ့ ကြက်ဟင်းခါးသီးနဲ့ ကြိုက်နှစ်သက်ရင် ဝက်နံရိုးတွေပါ ထည့်ပြီး မိနစ် ၃၀ ကနေ ၄၀ ထိ ပြုတ်ပါ။
အရသာမြည်းပြီးနောက် ပြင်ဆင်ပြီး စားသုံးနိုင်ပါပြီ။
