7 ပတ် - ဘာသာပြန်ပါ။

#မဖြစ်မနေ_မှတ်သားထားပါ
ကိုယ်ရောက်လာမှ
ရပ်သွားတဲ့စကားဝိုင်းမှာ
ကြာကြာမနေပါနဲ့
ကိုယ့်မြင်လို့
မျက်နှာလွှဲသွားသူကို
အတင်းလိုက်မခေါ်နဲ့။
ကိုယ့်ကို မပြောချင်တဲ့စကားကို
အတင်း မသိချင်နဲ့။
သူတပါး အိမ်ကို
အလည်သွားတဲ့အခါ
ပစ္စည်းတွေကို
ခွင့်မတောင်းပဲ မကိုင်နဲ့။
ကိုယ့်ကို မဖိတ်ခေါ်တဲ့
ဧည့်ခံပွဲတွေကို မသွားပါနဲ့။
သူစိမ်းတစ်ယောက်ကျွေးတဲ့
အစားအသောက်တွေကို
လွယ်လွယ် ယူမစားနဲ့။
နှုတ်မလုံသူတွေကို
အရေးကြီးစကားတွေ
မပြောမိပါစေနဲ့
စကား ဖောဖောသီသီ
ပြောတတ်သူကို
ရင်မဖွင့်မိစေနဲ့။
အရှက်နဲ့ သိက္ခာကို ရင်းပြီး
ဘယ်တော့မှ ငွေမရှာနဲ့။
ဘာပညာပဲသင်သင်
အသုံးချနိုင်တဲ့အထိ သင်ပါ။
( ဒါမှမဟုတ်)
ငွေရှာနိုင်သည့်အထိ သင်ပါ။
ကိုယ်မှားရင် မှားမှန်းသိဖို့ လိုတယ်
ဘာကြောင့် ဘယ်သူ့ကြောင့်လို့
ဆင်ခြေတွေ မပေးနဲ့။
( ဆင်ခြေပေးတဲ့ ပါးစပ်
ထမင်း င,တ်တတ်တယ် )
ငွေကို အကြွေတွေဆိုပြီး
ပရမ်းပတာ မထားနဲ့။
ကိုယ့်မှာ မရှိတဲ့အချိန်
တစ်ရာ နှစ်ရာကအစ
အဖိုးတန်တယ်ဆိုတာ သိရလိမ့်မယ်။
(ရေတစ်စက်တန်ဖိုး
ရေင,တ်မှ သိလမ့်မယ်)
မဟုတ်မမှန်
စကားတွေကို မပြောမိစေနဲ့
သတင်းမဟုတ်တာကို ဖြန့်ဝေမိရင်
" အတင်း " ဖြစ်တတ်ပါတယ်။
(အတင်းပြောခြင်းသည် လူမု,န်းများစေသည်။)
Credit

image