7 ပတ် - ဘာသာပြန်ပါ။

ထမဆုံးသွားစားတာဆိုတော့ ဘာတွေကောင်းလဲသေချာမသိတာနဲ့ ကောင်းနိုးရာရာလေး မှာစားခဲ့တယ်😁
အမြင်နဲ့တင် သဘောကျသွားတာ
စားလို့လည်းကောင်းတယ်
အချဉ်ကတော့ အရသာနှစ်မျိုးပေးတယ်။
နှစ်မျိုးစလုံးကောင်းပေမယ့် အချိုနဲ့က Dim sumတွေက ပိုလိုက်သလို ခံစားရတယ်။
ဒီထက် ဆိုင်ကျယ်ကျယ်လေးဖြစ်ရင်ကောင်းမယ်လို့တွေးမိတာတော့ရှိတယ်
အပြန်ကျ သူတို့တွေ လကုန်ကျရင် ရွှေရောင်သစ် မူဆယ် ဣန္ဒြာမှတ်တိုင်နား ရွှေ့တော့မယ်တဲ့
အဲ့ကျရင်တော့ ဆိုင်ပိုကျယ်ပါစေလို့ မျှော်လင့်ပါတယ်။
ထပ်စားဖြစ်ဦးမယ့် ဆိုင်လေးကို Reviewsလေး လာရေးပေးတာပါ။
ဆိုင်နာမည်က Pak Namတဲ့
အိမ်ကလူတွေကို ပီးနက်ဆိုင်သွားမယ်ဆိုပြီး ခေါ်သွားတာ ဟိုရောက်မှ စာလုံးပေါင်းအမှန်ကို သတိထားမိ🤭
အကြိုက်မတူတဲ့သူတွေလည်း ရှိတော့ ရှိလောက်ပေမယ့်
ကိုယ်တွေကတော့ ၉/၁၀လောက်တော့ ပေးပါတယ်။
ကျန်တဲ့ ၁ကလည်း ဆိုင်နေရာလေးကို သိပ်သဘောမကျလို့ လျှော့လိုက်တာ😁

image
image
image
image