7 ပတ် - ဘာသာပြန်ပါ။

စိတ်ဒဏ်ရာနောက်ခံတွေနဲ့ ချယ်မှုန်းသီဖွဲ့ထားတဲ့
Psychological drama ၀တ္ထုဇာတ်လမ်းတစ်ပုဒ် ...
#စာဖတ်သူဖတ်ညွှန်း
𝐑𝐞𝐚𝐝𝐞𝐫𝐬' 𝐁𝐨𝐨𝐤 𝐑𝐞𝐯𝐢𝐞𝐰
💗 ငယ်ဘဝစိတ်ဒဏ်ရာတွေရဲ့ ရိုက်ခတ်မှုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရရှာတဲ့ ယုဝေ....... မိဘနှစ်ဦးကြား မြေစာပင်ဖြစ်ခဲ့ရတဲ့ ယုဝေ..... သူ့ကိုယ်သူ အပြစ်တင်ရင်း နောင်တတွေ တစ်သီကြီးကြား အတော်ကြာကြာ ပိတ်မိနေတဲ့ယုဝေ....... ယုဝေအတွက် ပျက်စီးဆုံးရှုံးရခြင်းနဲ့ နာကျင်ခြင်းအမွေတွေကို မိဘတွေဆီက လက်မခံချင်သော်လည်း လက်ခံလိုက်ရတယ်..... မိခင်အပေါ် နာကျည်းမုန်းတီးစိတ်ကပဲ သူမအတွက် စိတ်ဒဏ်ရာတွေဖြစ်စေသလား......
💗 ဒီစာအုပ်လေးက အမျိုးသမီးနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ရေးသားထားသလိုလိုနဲ့ သူတို့ရဲ့ စိတ်ဒဏ်ရာများကို ဘယ်လို ကုစားသလဲဆိုတာ အလေးပေးဖော်ပြထားတာလေးက အရမ်းဖတ်လို့ကောင်းပါတယ်..... ငယ်ဘဝစိတ်ဒဏ်ရာရှိသူတွေအတွက် Healing ဖြစ်နိုင်တဲ့ နည်းလမ်းတွေက အများကြီးအသုံးဝင်မယ်လို့လည်းထင်ပါတယ်......
💗 ငယ်ဘဝမှာ ကျွန်မတို့မှာ စိတ်ဒဏ်ရာ အနည်းနဲ့အများဆိုသလိုတော့ရှိကြတာပဲ..... ဇာတ်လမ်းထဲမှာပါတဲ့ ယုဝေဆိုတဲ့ အမျိုးသမီးတစ်ယောက် စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတယ်..... စိတ်ဒဏ်ရာတွေများစွာရှိနေတဲ့ ကလေးတစ်ယောက်ဘဝကနေ အောင်မြင်ကြော်ကြားသည်အထိဖြစ်လာတယ်ဆိုတဲ့ ယုဝေရဲ့ အရည်အချင်းနဲ့ သူမရဲ့ ခံနိုင်ရည်စွမ်းတွေကိုဖတ်ကြည့်မယ်ဆိုလည်း စိတ်ဒဏ်ရာရှိနေသူတစ်ယောက်အတွက်တော့ အားတက်စရာပင်.....
💗 ကြုံတွေ့ခဲ့ရသော မိခင်ရဲ့ သစ္စာဖောက်မှုကြောင့် သူ့ရဲ့ဖြစ်တည်မှုကို အမျိုးသမီးတစ်ယောက်အဖြစ် မရပ်တည်ချင်တော့ပဲ ပြောင်းလဲဖို့ကြိုးစားခဲ့တယ်..... ပြောင်းလဲပြောင်းလဲနိုင်ခဲ့တယ်..... ဘဝရဲ့ အချိုးအကွေ့တစ်ခုမှာပဲ အမျိုးသမီးတစ်ဦးနဲ့ ဆုံခဲ့ရတယ်..... ထိုအမျိုးသမီးနဲ့တွေ့ဆုံမှုမှာ ယုဝေအတွက် စိတ်ပိုင်းဆိုင်ရာ ဘာတွေအပြောင်းအလဲဖြစ်သွားနိုင်လဲဆိုတာတော့ စာဖတ်သူတွေ ရင်ခုန်စွာဖတ်ရှုစေချင်တယ်......
💗 ကျွန်မတို့လည်းငယ်ဘဝကနေရခဲ့စိတ်ဒဏ်ရာတွေက ရှိကောင်းရှိခဲ့နိုင်တယ်.....ဒါပေမယ့် ပြင်းထန်လောက်တဲ့ ရိုက်ခတ်မှုတွေရှိခဲ့တယ် မရှိခဲ့ဘူးဆိုတာတော့ ကိုယ်ကိုယ်တိုင်သာ အသိဆုံးဖြစ်မှာပါ.... စိတ်ဒဏ်ရာရဲ့ သဘောသဘာဝကို ပိုမိုနားလည်းလိုလျှင် အတိတ်ကဖြစ်ခဲ့တဲ့ အတွေ့အကြုံ ထို အတွေ့အကြုံများကို ရရှိစေခဲ့သော အတိက်က အခြေအနေ အဖြစ်အပျက်များကို သုံးသပ်ရတယ်တဲ့..... စိတ်ဒဏ်ရာ မရှိသောသူဆိုတာ ရှိနိုင်လောက်မယ်မထင်ဘူးနော် ...... လူတိုင်း အနည်းနဲ့အများတော့ ခံစားဖူးကြမှာပဲ......အဓိက က ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေကိုနားလည်ပြီး ကိုယ်တိုင် ကုစားတတ်ဖို့လည်း လိုအပ်သေးတယ်.....
💗 ဒီစာအုပ်လေးမှာတော့ ယုဝေတစ်ယောက် ပြင်းထန်တဲ့ စိတ်ဒဏ်ရာတွေကို ခံစားနေရဲ့တဲ့အချိန်..... သူ့ရဲ့ စိတ်ဒဏ်ရာတွေကို သူဘယ်လိုကုစားသွားသလဲ..... သူ့စိတ်သူ နားလည်ဖို့ ဘယ်လို အခက်အခဲပေါင်းများစွာကို ကျော်လွှားလာခဲ့ရလဲ.....နောက်ထပ်ပိုပြီးကောင်းမွန်တဲ့ ဘဝအခြေအနေကိုပိုင်ဆိုင်သွားမှာလား..... ဒါမှမဟုတ် ဒီလောကမှာ တစ်ဦးတည်းသော ချစ်ရတဲ့ သူကို ထပ်ပြီးဆုံးရှုံးရဦးမှာလား ..... အဲ့လိုဆိုရင်ရော ပိုပြီး ပြင်းထန်တဲ့ စိတ်ဒဏ်ရာ နောက်ထပ်များ ခံစားရဦးမှာလားဆိုတာတော့ ကျွန်မလည်း အတော်လေးစိတ်ဝင်စားမိပါတယ်.....

image