တစ်ခါတုန်းကပေါ့..
တွေးခေါ်ပညာရှင်ကြီးတစ်ယောက်ကို လူတွေကမေးကြတယ် ။ ဆရာကြီး..ဆရာကြီးကို လမ်းမှန်ပေါ်ရောက်အောင် ဘယ်သူလမ်းညွှန်လိုက်သလဲ.?ဒီလိုမေးတော့ တွေးခေါ်ပညာရှင်ကြီးက
.. ခွေးပေါ့ တစ်နေ့ ရေအိုင်ဘေးမှာ ရပ်နေတဲ့ခွေးတစ်ကောင်ကို ကျွန်တော်တွေ့တယ်၊ သူတော်တော် ရေဆာနေပုံပါပဲ၊ ရေသောက်ဖို့ သူအကြိမ်ကြိမ်ကြိုးစားတယ်၊ ဒါပေမယ့် အကြိမ်တိုင်းမှာရေသောက်ဖို့ ခေါင်းကိုငုံ့လိုက်၊ ကြောက်ကြောက်နဲ့နောက်ပြန်ဆုတ်လိုက် ဖြစ်နေတယ်၊
ဘာဖြစ်လို့လဲဆိုတော့..ရေအိုင်ထဲမှာ နောက်ထပ်ခွေးတစ်ကောင်ကို သူ တွေ့နေလို့လေ ။
နောက်ဆုံး..ရေသောက်ချင်တဲ့စိတ်ကို လုံးဝတားမရတော့တဲ့အခါအကြောက်တရားကို ဖယ်ရှားပစ်လိုက်ပြီး ရေအိုင်ထဲကို ခုန်ချပစ်လိုက်တယ်၊ စောစောကသူမြင်နေရတဲ့ ရေထဲကခွေးလည်း ပျောက်သွားတယ်၊ ဒီတော့မှ သူ့ကို ဟန့်တားနေတာဟာ သူကိုယ်တိုင်ဖြစ်နေပါလားဆိုတာ ခွေးသဘောပေါက်သွားတယ် ။
ဒါကိုကြည့်ပြီး ကျွန်တော့်အတွက် အခက်အခဲ, အတားအဆီး, အဟန့်အတားကို ဖြစ်စေတာ ကျွန် တော်ကိုယ်တိုင်ပဲဖြစ်တယ်ဆိုတဲ့ အသိတရားကို ရလိုက်လို့ပါပဲဗျာ လို့ ဖြေပါတယ် ။
