ဒီနေ့မနက် မြိတ်ကပ်ကြေးကိုက်ကြော်ပါ
ပုဇွန်ကိုရေဆေးပြီးအခွံခွာ
သန့်စင်ထားပါ
ပြည်ကြီးငါးကိုရေဆေးပြီးလှီး
ထားပါ
ဆန်ညှပ်ခေါက်ဆွဲကိုဝယ်ထားပါ ပဲပင်ပေါက် စားတော်ပဲ
ပြုတ်ဝယ်ထားပါ ငရုတ်ကြမ်း
မှုန့် ပအုံးရည်ဝယ်ထားပါ
ပဲပင်ပေါက်ကိုရေဆေးပြီး
စကာစစ်ထားပါ
ကြက်သွန်မိတ်ကိုလက်နှစ်ဆစ်ခန့်စီလှီးထားပါ
ကြက်သွန်ဖြူကိုစင်းလှီးထားပါ
ဒယ်အိုးတခုမှာဆီထည့်အပူ
ပေးပြီးကြက်ဥဖေါက်ထည့်
ကာမွှေကြော် ကြော်ပြီးဖယ်ထားပါ ကြက်သွန်ဖြူ
ထည့်ပြီးဆီသတ်ပါ အနံ့မွှေး
လာရင် ပုဇွန်ပြည်ကြီးငါး
ထည့်ပါ ခရုဆီ ပဲငံပြာရည်
အကြည် အနောက်ထည့်ပါ
ဆားအချိုမှုန့် သကြားနဲနဲ
ထည့်ပါ မွှေပေးပါ
ပုဇွန်ကျက်ရင်ညှပ်ခေါက်ဆွဲ
ထည့်ပါ ဆား အချိုမှုန့် ပဲငံပြာ
ရည်အကြည်အနောက်ထပ်
ထည့်ပါ နှံ့စပ်အောင်မွှေပေးပါ
ပဲပင်ပေါက်ထည့်ပါ
မွှေပေးပါ စတော်ပဲပြုတ်ထည့်ပါ မွှေပေးပါ ကြက်ဥမွှေကြော်
ထားတာထည့်ပါ သမအောင်
နှံ့စပ်အောင်မွှေပေးပါ
မုန့်ဖတ်ကိုဘေးနားမှာဖယ်ပြီး
ဆီနဲနဲနှင့်ငရုတ်သီးအကြမ်းဖတ်ကိုထည့်ပြီးမွှေပေးပါ ပအုံးရည်
ထည့်ပြီမွှေပေးပါ နောက်မုန့်
ဖတ်နှင့်ပြန်ရောမွှေပေးပါ
အရသာမြည်းကြည့်ပါ
ပေါ့ရင်ပဲငံပြာရည် ခရုဆီထပ်
ထည့်ပြီးမွှေပေးပါ
အရသာမြည်းကြည့်ပါ
အနေတော်ဆိုကြက်သွန်မိတ်
လှီးထားတာထည့်ပြီးမွှေပေးပါ
မြိတ်ကပ်ကြေးကိုက်ကြော်ရပါပြီ အချဥ်က သခွားသီးလှီးပြီး
ငရုတ်ဆီဆမ်းပေးပါ
စားလို့ရပါပြီ
စားကောင်းကြပါစေ
Credit U Kyaw Shwe
ဟင်းချက်နည်းကောင်းများလေ့လာနိုင်ရန် pageကို like & follow လုပ်ထားပါ။

image