ငါးကြီးဆီ နေ့စဉ်စားသုံးခြင်း၏ အကျိုးကျေးဇူး (၁၀) ခု
****************************************
၁။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်။
ငါးကြီးဆီထဲမှာ ပါဝင်နဲ့ အိုမီဂါ3က နှလုံးကျန်းမာရေးကို ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။ နှလုံးခုန်နှုန်းကို ထိန်းညှိပေးတဲ့အပြင် သွေးထဲမှာပါဝင်တဲ့ ပမာဏကိုလည်း လျော့ကျစေပါတယ်။ အဲဒါကြောင့် ငါးကြီးဆီစားခြင်းက နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
၂။ မှတ်ဉာဏ်တိုးတက်စေတယ်။
ငါးကြီးဆီက ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အာရုံကြောဆဲလ်တွေက အိုမီဂါ3ကို လိုအပ်ပါတယ်။ သုတေသန စစ်တမ်းတွေရဲ့ ဖော်ပြချက်အရ ငါးကြီးဆီက မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။
၃။ ကိုယ်အလေးချိန်လျော့ချပေးတယ်။
လေ့ကျင့်ခန်းမလုပ်ဘဲ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို မစားဘဲနဲ့တော့ ကိုယ်အလေးချိန်ကျဖို့ဆိုတာ မလွယ်ကူပါဘူး။ ငါးကြီးဆီကို နေ့စဉ်စားပေးသင့်ပါတယ်။ ငါးကြီးဆီက အစားစားချင်စိတ်ကို လျှော့ချပေးပါတယ်။ လေ့ကျင့်ခန်းလုပ်ရာမှာလည်း အကျိုးရှိစေပါတယ်။ ခန္တာကိုယ်ရဲ့ အဆီသိုလှောင်မှုကိုလည်း လျော့နည်းစေပါတယ်။
၄။ စိတ်ဓာတ်တက်ကြွစေတယ်။
ငါးကြီးဆီကို နေ့စဉ်စားပေးခြင်းဖြင့် အာရုံကြောအားနည်းမှုနဲ့ မကြာခဏမေ့တတ်ခြင်းကို လျှော့ချပေးပါတယ်။ စိတ်ဓာတ်ကို တက်ကြွစေပြီး ဆုံးဖြတ်ချက်ချမှုကို လျင်မြန်စေပါတယ်။ ပြီးတော့ တက်ကြွပျော်ရွှင်စေပါတယ်။
၅။လေထုညစ်ညမ်းမှုမှဖြစ်သော ဆိုးကျိုးကို လျှော့ချပေးတယ်။
လေထုညစ်ညမ်းခြင်းက ခန္တာကိုယ်ရဲ့ အင်္ဂါ အစိတ်အပိုင်းတွေနဲ့ အဖွဲ့အစည်းတွေကို လွှမ်းမိုးပါတယ်။ ငါးကြီးဆီက လေထုညစ်ညမ်းခြင်းကြောင့် ခန္တာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ၃၀ % ကနေ ၅၀ % အထိ လျော့ချပေးပါတယ်။
၆။ အမြင်အာရုံ ကြည်လင်စေတယ်
၇။ အသားအရေလှစေတယ်။
အိုမီဂါ3က ခန္တာကိုယ်အတွင်းက ပျက်ဆီးသွားတဲ့ ဆဲလ်လေးတွေကို ပြင်ဆင်ပေးပါတယ်။ အသားအရေနီခြင်း၊ နေလောင်ခြင်းကြောင့် ဖြစ်တဲ့ဆိုးကျိုးတွေကို လျော့နည်းစေပြီး အသားအရေ လှပစေပါတယ်။
၈။ စိတ်ဓာတ်ကျမှုကို ကုသပေးတယ်။
အိုမီဂါ 3 က စိတ်ဓာတ်ကျမှုကို ကုသတဲ့နေရာမှာ အသုံးဝင်ပါတယ်။ အိုမီဂါ 3 က စိတ်ပျော်ရွှင်မှုကို တိုးတက်စေတဲ့ အတွက်စိတ်ဓာတ်ကျမှုကို လျော့နည်းစေပါတယ်။
၉။ ကိုယ်ခံအားကောင်းစေတယ်။
အိုမီဂါ 3 က ရောဂါတွေကို တိုက်ထုတ်ပေးပါတယ်။ ငါးကြီးဆီက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ခန္တာကိုယ်ယောင်ရမ်းမှုကို လျော့ကျစေပါတယ်။
၁၀။ ကိုယ်ဝန်ဆောင်များအတွက် သင့်လျော်စေတယ်။
အိုမီဂါ 3 က သန္ဓေသားရဲ့ ဦးနှောက်၊ မျက်လုံးနှင့် အာရုံကြော တည်ဆောက်မှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အိုမီဂါ 3 က ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။
ကျန်းမာပျော်ရွှင်ကြပါစေ🙏🙏🙏
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဆေးပညာတွေနေတိုင်းတင်သွားပေးမှာဖြစ်တဲ့ အတွက် ကျွန်တော်ရဲ့postလေးကို like and shareလေသွားမို့မမေ့နဲ့နော် အားလုံးဘဲကျန်းမာပျော်ရွှင်ကြပါစေ၊၊
