1 ပတ် - ဘာသာပြန်ပါ။

လာခဲ့ကြပါ....ထိုင်းနိုင်ငံ
မြန်မာနိုင်ငံမှာ မနေချင်ရင်
တစ်ခြားနေလို့အကောင်းဆုံးနိုင်ငံသည် ထိုင်းနိုင်ငံပါ။
ဘာသာချင်းလည်း တူပါတယ်။
စကားပြောလည်း တတ်လွယ်ပါတယ်။
ရာသီဥတုချင်းလည်း သိပ်မကွာဘူး။
ကလေးကျောင်းပိတ်ရက်လည်း သိပ်မကြာပါ ။
ထိုင်း12တန်းပြီးလို့ ယောင်လည်လည်ဖြစ်နေတဲ့ကျောင်းပြီးအလုပ်လက်မဲ့ရှိတာခြင်းလည်းတူပါတယ်။
တစ်လလုပ်စာ တစ်လကုန်တာလည်း တူပါတယ်။
အဆင်မပြေရင် ကြက်ဥနဲ့ နှစ်ပါးသွားကြတာလည်းတူပါတယ်။
ဖမ်းပြီးပိုက်ဆံတောင်းတတ်တဲ့ရဲရှိတာလည်းတူပါတယ်။
လူမှုရေးသဘာဝလည်းအတူတူပါ။
အားနာတတ်တာလည်းတူပါတယ်။
ထိုင်းတစ်ယောက်နဲ့
မြန်မာတစ်ယောက်အသားအရေ
အရပ်အမောင်း အတူတူပါ။
သောက်ကျင့်ခြင်းလည်းအတူတူ။
မူးလာတဲ့ပုံစံလည်းတူပါတယ်။
မသာအိမ်မှာ ဖဲရိုက်တာလည်းတူပါတယ်။
ဘုန်းကြီးကျောင်းမှာထားလည်းရိုက်ကြပါတယ်။
ဈေးတင်ရောင်းပြီး လျော့ပေးတာလည်း တူပါတယ်။
ကြွားတာလည်းတူပါတယ်။
အိမ်မှာရှိသမျှ ရွှေဆွဲကြိုးအကုန်ထုတ်ဝတ်တာလည်း တူပါတယ်။
အကြွေးရရင် အကုန်ယူတာလည်း တူပါတယ်။
အတင်းပြောတာလည်းတူပါတယ်။
ဆ ဆရာကြီးလုပ်တာလည်း တူပါတယ်။
ရှိသမျှရောင်းပြီး ဖဲရိုက်တာလည်း တူပါတယ်။
ဘောလုံးပွဲလောင်းတာလည်းတူပါတယ်။
မယားငယ်ထားလို့ မယားကြီးကလာဆဲတာလည်းတူပါတယ်။
ဖားတတ်တာလည်းတူပါတယ်။
ချွန်တွန်းလုပ်တာလည်းတူပါတယ်။
လင်မယားအော်ကြီးဟစ်ကျယ်ရန်ဖြစ်တာလည်း တူပါတယ်။
ချဲအကြွေးထိုးတာလည်းတူပါတယ်။
(အထူးတူချက်)
တစ်ရာနှစ်ဆယ်တိုးလည်းတူပါတယ်။
(အထူးတူချက်)
တစ်ခုခုဆို လိုင်းပေါ်တင်တာလည်းတူပါတယ်။
မူးလာရင် ktvသွားတာလည်းတူပါတယ်။
မူးရင်ရစ်တာလည်းတူပါတယ်။
အခုဆိုရင်
ထိုင်းတွေ ချဲကောင်းကောင်းတွက်တတ်နေပြီ
ကဲ
ဘာမတူတာရှိသေးလဲ
လာတော့လေ
#crd

image