1 w - Translate

၁၉၈၂ ခုနှစ်တုန်းက Dieter Krombach လို့အမည်ရတဲ့ ဂျာမန်ဆရာဝန်တစ်ဦးဟာ သူ့ရဲ့မယားပါသမီး အသက် ၁၄ နှစ်အရွယ် Kalinka Bamberski ဆိုတဲ့ ကလေးမလေးကို သxတ်ခဲ့တယ်လို့ သံသယရှိခဲ့ပါတယ် Kalinka ဟာ သူ့အမေနဲ့အတူ ဂျာမနီမှာ အားလပ်ရက် အနားယူနေစဉ်အတွင်း ေxသဆုံးခဲ့တာ ဖြစ်ပါတယ်
Dieter Krombach က Kalinka ဟာ လေဖြတ်ပြီး ေxသဆုံးခဲ့တာလို့ ပြောဆိုခဲ့ပေမဲ့ ပြင်သစ်ဆရာဝန်တွေရဲ့ မှုခင်းဆေးဘက်ဆိုင်ရာ စစ်ဆေးမှုမှာတော့ သူမရဲ့ ခန္ဓာကိုယ်မှာ ရိုက်နှက်ဒဏ်ရာတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ လက္ခဏာတွေကို တွေ့ရှိခဲ့ရပါတယ်
ဒီဖြစ်ရပ်အတွက် ၁၉၉၅ ခုနှစ်မှာ ပြင်သစ်တရားရုံးက Dieter Krombach ကို လူသxတ်မှုနဲ့ ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ် ဒါပေမဲ့ ပြင်သစ်အာဏာပိုင်တွေက သူ့ကို ပြန်လည်ဖမ်းဆီးနိုင်ဖို့ ဂျာမနီကို တောင်းဆိုခဲ့ပေမယ့် ဂျာမနီနိုင်ငံဟာ သူ့ရဲ့နိုင်ငံသားကို ပြန်ပေးဖို့ ငြင်းဆိုခဲ့ပါတယ် ဒီအခြေအနေကြောင့် ေxသဆုံးသူ Kalinka ရဲ့ ဖခင်အရင်းဖြစ်တဲ့ André Bamberski ဟာ အလွန်စိတ်ပျက်ခဲ့ရပြီး တရားမျှတမှုအတွက် အချိန် ၂၇ နှစ်တိတိကြာအောင်တိုက်ပွဲဝင်ခဲ့ရပါတယ်
တရားဥပဒေလမ်းကြောင်းနဲ့ အဆင်မပြေတော့တဲ့အခါ André Bamberski ဟာ သူ့ကိုယ်ပိုင်နည်းလမ်းနဲ့ တရားမျှတမှုကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပါတယ် ၂၀၀၉ ခုနှစ်မှာ သူဟာ လူသုံးဦးကို ငွေပေးပြီး Dieter Krombach ကို ပြန်ပေးဆွဲစေခဲ့ပါတယ် အဲဒီလူတွေဟာ ဂျာမနီမှာရှိတဲ့ Dieter Krombach ကို ဖမ်းဆီးပြီး ကားနဲ့ ခေါ်ဆောင်လာခဲ့ကာ ပြင်သစ်နိုင်ငံထဲကို ခေါ်သွားခဲ့ပါတယ်
နောက်ဆုံးမှာတော့ သူတို့ဟာ Dieter Krombach ကို လက်ပြန်ကြိုးတုတ်ပြီး ပြင်သစ်နိုင်ငံက Mulhouse တရားရုံးရှေ့မှာ ချထားခဲ့ပါတယ် Bamberski က ရဲကို ဖုန်းဆက်ပြီး "ကျွန်တော့်သမီးကို သxတ်တဲ့ လူသxတ်သမားဟာ Mulhouse တရားရုံးရှေ့မှာ ရှိပါတယ်" လို့ သတင်းပို့ခဲ့ပြီး Dieter Krombach ရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း "ကျွန်တော်ဟာ Kalinka Bamberski ရဲ့ လူသxတ်သမားပါ" လို့ ရေးထားတဲ့ စာရွက်တစ်ရွက်ကို ချိတ်ဆွဲထားခဲ့ပါတယ်
အဲ့လိုနဲ့ Dieter Krombach ဟာ ပြင်သစ်ရဲလက်ထဲကို ရောက်သွားပြီး ၂၀၁၁ ခုနှစ်မှာ လူသxတ်မှုအတွက် ပြန်လည်စစ်ဆေးခံခဲ့ရပါတယ် ဒီတစ်ကြိမ်မှာတော့ တရားရုံးက သူ့ကို ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image