1 ပတ် - ဘာသာပြန်ပါ။

ထိုင်းတနိုင်ငံလုံးကို သွားရောက်လည်ပတ်ရသလို ခံစားရမယ့် ထိုင်းနိုင်ငံရဲ့အကြီးဆုံး Outdoor Museum ကြီးဖြစ်တဲ့ Ancient City
မကြာခဏသွားရောက်လည်ပတ်မိတဲ့နေရာလည်းဖြစ်သလို တစ်ရက်လုံးလည်ပတ်ရင်တောင် လည်ပတ်စရာမကုန်နိုင်တဲ့နေရာကတော့ Ancient Cityပါ။
နေ့လည်ခင်းဆိုနေပူပြီး လည်ပတ်ရတာ ပင်ပန်းသလိုဖြစ်နိုင်ပေမယ့် ညနေခင်းနေအေးလေ ပိုပြီးသာယာလေပါပဲ
ဒီAncient Cityထဲမှာ အနှစ်သက်ဆုံးနေရာလေးတွေကတော့ စဝင်ဝင်ချင်း စျေးလမ်းလေးရယ်
စျေးလမ်းလေးရဲ့တဘက်မှာလည်း ရုပ်ပွါးတော်တွေအများကြီးတဲ့ ရွှေရောင်ကျောင်းဆောင်ကြီးရှိပါသေးတယ်။
စျေးလမ်းလေးကို ကျော်သွားရင်တော့ လှမ်းမြင်တွေ့ရမှာတွေကတော့ နန်းဆောင်ကြီးတွေပါ။
ပြီးတော့ သလွန်ညောင်စောင်းတွေရယ် လှပစွာစိုက်ပျိုးထားတဲ့ ပန်းပင်တွေနဲ့ ရှေးဟောင်းအိမ်လေးတွေရယ်
နန်းတော်ပတ်လည်က ကျုံးရေပြင်ကိုဖြတ်ပြီး ဆောက်လုပ်ထားတဲ့ တံတားလေးတွေပေါ်မှာလည်း ညနေနေကျချိန်မှာ ဓာတ်ပုံရိုက်လို့အကောင်းဆုံးအချိန်ပါပဲ
နန်းတော်ရဲ့ ကျုံးရေပြင်တဘက်မှာတော့ ရှေးဟောင်းရိုးရာအိမ်လေးရယ် အိမ်လေးမျက်နှာစာရှေ့က ရေဆိပ်လေးရယ်
ငေးရင်းတွေးရင်း စိတ်ထဲမှာ ထိုင်းဇာတ်လမ်းတွဲထဲရောက်နေသလိုမျိုးခံစားရဦးမှာပါ
နန်းတော်တွေကို ကျော်ပြီးဆက်သွားလျှင်တော့ Floating marketလေးကိုတွေမြင်ရမှာဖြစ်ပြီး
Floating Marketထဲကဆိုင်လေးတွေကတော့ တကယ့်ထိုင်းရိုးရာဇာတ်လမ်းတွဲထဲက အပြင်အဆင်အတိုင်း ပြင်ဆင်ပြီးရောင်းချကြပါတယ်
ညနေသုံးနာရီလောက်ဆို Floating marketမှာ showလေးတွေလည်း ပြတတ်ကြပါတယ်
Floating marketနဲ့ နန်းတော်တွေကြားမှာတော့ Cambodia ကလို ပုံစံငယ်အဆောက်အဦလေးတွေရှေ့မှာလည်း ပုံရိုက်လို့ရသလို
ရှေ့ဆက်သွားရင်တော့ ရွာလေးတွေရယ် ဘုန်းကြီးကျောင်းတွေနဲ့ ဘုရားကျောင်းတချို့ကိုမြင်တွေ့ရမှာပါ
Ancient Cityထဲမှာတော့ စကားပန်းအဖြူတွေကို နေရာတိုင်းမှာတွေ့မြင်ရမှာဖြစ်ပြီး ပန်းတွေတန်းစီ စိြက်ထားတဲ့ လှပလွန်းတဲ့ လမ်းလေးတွေလည်း ရှိပါတယ်။
သွားရောက်လည်ပတ်မယ်ဆိုရင်တော့ BTSစီးပြီး Kheha BTSမှာဆင်းပြီး ဆယ်ဘတ်တန်ကားလေးတွေစီးသွားရင် Ancient Cityရှေ့ကို တန်းရောက်ပါတယ်။
Ancient Cityကကျယ်ဝန်းလှတာကြောင့် ကားရှိတဲ့လူတွေဆိုရင်တော့ ကိုယ့်ကားနဲ့ ကိုယ်ပတ်ရင် ပိုပြီးတော့ နှံ့နှံ့စပ်စပ်ရောက်နိုင်ပါတယ်။
ကားမပါလာရင်တော့ Ancient Cityထဲမှာလည်ပတ်ဖို့ စက်ဘီးငှါးရမ်းနိုင်သလို Golf ကားလေးတွေငှါးရမ်းပြီး ပတ်လို့လည်းရပါတယ်။
Electric bikeနဲ့ Golf carလေးတွေကတော့ နာရီအလိုက်ငှါးရမ်းခပေးရပြီး လည်ပတ်တဲ့လူများပါက စောင့်ရနိုင်ပါတယ်။
Electric termလေးတွေနဲ့ပတ်မယ်ဆိုပါက နှစ်နာရီကြာပတ်ပေးပြီးအဓိကကျတဲ့ လေးနေရာလောက်ကို ပို့ပေးပါတယ်။
Bangkokနဲ့မဝေးတဲ့ နေရာလေးတခုကို ပေါ့ပေါ့ပါးပါး One Day trip လေးသွားရောက်လည်ပတ်ချင်ရင်တော့ Ancient Cityကိုသာသွားပါနော်။
Ancient City - 500baht
Modelကတော့ Adminတူမ Modelကမောလို့ ပုံမရိုက်ချင်တော့ဘူးဆိုလို့ ရေခဲမုန့်ကျွေးမယ်ပြောပြီး ရိုက်ထားရတာ🫢
#ancientcity
#photocrd
#ancientcitythailand

imageimage
+18