1 ပတ် - ဘာသာပြန်ပါ။

မန်ချက်စတာ ယူနိုက်တက်အသင်းသည် တော့တင်ဟမ် ဟော့စပါးအသင်းကို ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ၄၈ နာရီအကြာတွင် ကစားရမည့် အက်စတွန် ဗီလာနှင့် ပရီးမီးယားလိဂ်ပွဲအတွက် ပြင်ဆင်နေချိန်တွင် အရေးကြီး အမှုဆောင်ကော်မတီ အစည်းအဝေးတစ်ခုကို ဆာဂျင်မ် ရက်ကလစ်ဖ်၏ အဓိကအခြေစိုက်ရုံးတွင် ကျင်းပခဲ့သည်။
အစည်းအဝေး၏ ရည်ရွယ်ချက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်မှ ရရှိမည့် ဘဏ္ဍာရေးဆိုင်ရာ တွန်းအားမပါဘဲ နည်းပြ အမိုရင်၏ အသင်းလူစာရင်းကို မည်သို့ ပြန်လည်တည်ဆောက်မည်ကို အဖြေရှာရန်ဖြစ်သည်။
ထူးခြားစွာပင် နည်းပြ အမိုရင်ကိုယ်တိုင်လည်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အမှုဆောင်ချုပ် ဘာရာဒါ နှင့် နည်းစနစ်ဒါရိုက်တာ ဝီလ်ကော့စ် တို့က ကစားသမားခေါ်ယူရေး မဟာဗျူဟာကို ရက်ကလစ်ဖ်၊ ဂျိုးလ်နှင့် အဗီရမ် ဂလေဇာ နှင့် INEOS ၏ ထိပ်တန်းအမှုဆောင်အရာရှိများထံ တင်ပြခဲ့သည်။
ရက်ကလစ်ဖ်၊ ဘာရာဒါ၊ ဝီလ်ကော့စ်နှင့် အမိုရင်တို့အားလုံးသည် အဓိကအချက်တစ်ချက်အပေါ်တွင် သဘောထားတစ်ထပ်တည်း ကျခဲ့ကြပါသည်။ မကြာသေးမီနှစ်များအတွင်း ဥရောပမှ ခေါ်ယူခဲ့သော ကစားသမားများ၏ အောင်မြင်မှု အကန့်အသတ်ဖြင့်သာ ရှိခဲ့သောကြောင့် အစပြုခြင်းအ‌နေနဲ့ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြသပြီးသား ကစားသမားများ ကိုသာ ဦးတည်ခေါ်ယူရန် ဖြစ်ပါသည်။
ထို့အပြင် အသင်းအတွက် လိုအပ်သည်ဟု ယူဆထားသော အသုံးစရိတ်များကို ထောက်ပံ့နိုင်ရန် ကစားသမားရောင်းချမှုများက မရှိမဖြစ်လိုအပ်ကြောင်းကိုလည်း ၎င်းတို့အားလုံး နားလည်သဘောပေါက်ခဲ့ကြသည်။
(Lauriewhitwell)

image