1 ပတ် - ဘာသာပြန်ပါ။

ဆုံးရှုံးသမျှကို လက်ခံမယ်
ပိုပြီး တိတ်ဆိတ်တတ်ဖို့ ကြိုးစားမယ်။
အခုချိန်မှာ နာကျင်ရမှုတွေကို
နောက်ကာလတွေအတွက်
သင်ခန်းစာယူမယ်။
မရနိုင်တာတွေကို မလိုခြင်းဖြစ်၊
စိတ်အနာတရ ကင်းအောင်နေမယ်။
သိမ်ငယ်စိတ် ဝင်လာမိရင်
လုပ်ရမှာက ပိုကြိုးစားဖို့ပဲ...
ကိုယ့်မှာမရှိနိုင်တဲ့အရာနဲ့
သူ့မှာရှိတဲ့အရာကို သွားပြီးမနှိုင်းယှဥ်ပါနဲ့။
ကိုယ့်ဘဝကို ဘယ်လိုဘဝမျိုးကို
လျှောက်ရမလဲဆိုတာပဲ ဆုံးဖြတ်ပါ။
ကိုယ့်ဘဝအနေအထား၊
ကိုယ့်နောက်ခံ အသိုင်းအဝိုင်းကိုသိပြီးရင်
ဒါ ငါ့ဘဝပဲလို့ လက်ခံပြီး
အကောင်းဆုံး ရှင်သန်ဖို့ပဲ...
ကျွန်‌ေတာ်တို့ တတ်နိုင်တာပါ။

image