1 ပတ် - ဘာသာပြန်ပါ။

Spotify မှာ ဖော်လိုဝါအများဆုံးကေပေါ့ပ်အမျိုးသမီးတစ်ကိုယ်တော်အဆိုရှင်ဖြစ်လာခဲ့တဲ့ ရို့စ်
ကမ္ဘာကျော်မိန်းကလေးအဆိုအဖွဲ့ BLACKPINK ရဲ့ အဖွဲ့ဝင် ရို့စ်က Spotify မှာ သူ့ရဲ့အောင်မြင်ကျော်ကြားမှုကို ဆက်လက်သက်သေပြနေပါတယ်။ "Rosie" ဆိုတဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်နဲ့ အောင်မြင်မှုကတော့ အံ့မခန်းပါပဲ။ ရို့စ်ကဆိုရင် သူနဲ့အတူအဖွဲ့ဝင်ဖြစ်တဲ့ လီဆာကို ကျော်ပြီး ဖော်လိုဝါအများဆုံးကေပေါ့ပ်အမျိုးသမီးတစ်ကိုယ်တော်အဆိုရှင်ဖြစ်လာခဲ့တယ်လို့ Spotify အရ သိရပါတယ်။ အရင်က လီဆာဟာ ဒီစံချိန်ကို ချိုးခဲ့တာပါ။
ရို့စ်က Spotify မှာ ဖော်လိုဝါ ၁၂.၆၉၉ သန်းရှိပါတယ်။ ဒါ့အပြင် ရို့စ်ရဲ့ Rosie ကလည်း Spotify မှာ Stream တဲ့သူ ၃ ဘီလျံရှိကာ ကေပေါ့ပ်အမျိုးသမီးတစ်ကိုယ်တော်အဆိုရှင်ရဲ့ ပထမဆုံးအယ်လ်ဘမ်နဲ့ ဒီစံချိန်အထိ ရောက်တဲ့ အမြန်ဆုံးအယ်လ်ဘမ်ဖြစ်လာခဲ့ပါတယ်။ ဒီအောင်မြင်မှုကို ရက်ပေါင်း ၂၆၆ ရက်ထက်မနည်းတဲ့အချိန်ကာလအတွင်း ရခဲ့တာဖြစ်ပါတယ်။

image