Windows ကို တရားဝင် Activated လုပ်နည်း✨
မင်္ဂလာပါ 🙏
Windows ကို သုံးတဲ့အခါ "Activate Windows" ဆိုတဲ့ စာသားလေးတွေကို မကြိုက်ကြမယ်လို့ထင်ပါတယ်။ အဲဒါတွေကို အပြီးအပိုင် ဖြေရှင်းဖို့ တရားဝင် Activation လုပ်ထားရပါမယ်။
ဘာကြောင့် Activate လုပ်ရမလဲ❓
Windows တရားဝင်လိုင်စင်မရှိရင် Feature အချို့ကို သုံးမရပါ။
Desktop Wallpaper မပြောင်းနိုင်တာ၊ အချို့သော Settings မသုံးနိုင်တာတွေ ကြုံတွေ့ရနိုင်ပါတယ်။
လုံခြုံရေး Update တွေကို အပြည့်အဝမရနိုင်ပါ။
Activation လုပ်နိုင်တဲ့ နည်းလမ်းတွေကတော့
Digital License
Windows 10/11 ကို တရားဝင်ဝယ်ထားလျှင် Microsoft Account နဲ့ချိတ်လိုက်ရုံနဲ့ အလိုအလျောက် Activated ဖြစ်ပါတယ်။
Product Key အသုံးပြုခြင်း
Microsoft Store သို့မဟုတ် Authorized Reseller မှ တရားဝင် key ဝယ်ယူပြီး Settings > Update & Security > Activation မှာ ထည့်နိုင်ပါတယ်။
OEM License
Laptop / Desktop တချို့မှာ အရင်ကတည်းက လိုင်စင်ပါပြီးသား (Pre-activated) လာတတ်ပါတယ်။ အဲဒီအတွက် Microsoft Account နဲ့ Sign in လုပ်လိုက်ရုံနဲ့ အလိုအလျောက် Active ဖြစ်ပါမယ်။
စာသားတွေပြနေရင် ဘယ်လိုပြန်စစ်မလဲ?
Start Menu မှာ → "Activation Settings" လို့ ရိုက်ထည့်ပါ။
"Windows is Activated with a digital license" လို့ ပြလာရင် အဆင်ပြေသွားပါပြီ။
✅Windows ကို crack software တွေမသုံးဘဲ တရားဝင် လိုင်စင်နဲ့ Activate လုပ်သင့်ပါတယ်။ အဲဒီနည်းမှသာ မိမိ၏ Data လုံခြုံရေး၊ Update များ၊ Support အားလုံးကို စိတ်ချရစွာ ရရှိနိုင်ပါမယ်။

image