1 w - Translate

၄) လတာကာလအတွင်း ပြည်ပပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ သန်း​ကျော် ရရှိထား
ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁ ဒသမ ၀၅၃) သန်း ရရှိထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
ယခုဏဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ ပြည်ပသို့ ပျားရည်တင်ပို့မှု အနေဖြင့် မက်ထရစ်တန် (၇၀၉) တန် တင်ပို့ခဲ့ပြီး အမေရိကန်ခေါ်လာ (၁ ဒသမ ၀၅၃) သန်းရရှိခဲ့ကြောင်း သိရသည်။
ပျားရည်ကို ပြည်ပနိုင်ငံများဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး ဂျပန်နိုင်ငံသို့အများဆုံးတင်ပို့ထားကြောင်း၊ ပြည်တွင်း၌ ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျား၊ ရော်ဘာပျားရည်၊ လိုက်ချီးပျားရည်ဟူ၍ ထုတ်လုပ်လျက်ရှိသည်။
ပျားရည်ကို ပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုမှုများသကဲ့သို့ ပြည်ပနိုင်ငံများသို့ တင်ပို့မှုမှလည်း နိုင်ငံခြားဝင်ငွေရရှိကြောင်းသိရသည်။

image