1 w - Translate

Android သုံးလည်း Crack App ၊ Mod App တွေသုံးဖို့ မလွယ်တော့ပါဘူး 🫠
.
Google ကနေ လွန်ခဲ့တဲ့ သြဂုတ်လ (၂၅) ရက်နေ့တုန်းက Android အသုံးပြုသူတွေအတွက် ကြီးမားတဲ့အပြောင်းအလဲဖြစ်လာမယ့် သတင်းတစ်ခုကို ကြေညာခဲ့ပါတယ်။ ဒါက Android Device တွေမှာ Security Layer တစ်ခုထပ်ထည့်ပြီး ကိုယ့်စိတ်ကြိုက် App တွေကို စိတ်ကြိုက်နေရာကနေ Install ပြုလုပ်နိုင်မယ့် Sideloading Feature ကို ကန့်သတ်တော့မှာဖြစ်ပါတယ်။
အသေးစိတ်ကို အတတ်နိုင်ဆုံးရှင်းလင်းအောင် အမေးအဖြေပုံစံမျိုးနဲ့ ရေးဖြစ်ပါတယ်...။​
# ဘာလို့ အခုလို Android မှာ Sideloading Feature ကို ကန့်သတ်ရသလဲ
- Google ဘက်က ပြောကြားချက်အရ Android Device တွေမှာ လက်ရှိစစ်ဆေးချက်တွေအရ Google Play Store ကနေ သွင်းတာမဟုတ်ပဲ အပြင် Website တွေက Sideloading အနေနဲ့ Install ပြုလုပ်တဲ့ App တွေကနေ Malware တွေ ဝင်ရောက်နိုင်ခြေက အဆပေါင်း (၅၀) လောက် ပိုများတယ်ဆိုပြီး ပြောထားတယ်။
ဒါကြောင့် အခုလိုမျိုး Play Store ပြင်ပက သွင်းတဲ့ App တွေကနေ Malware ဝင်တာကို ကာကွယ်ဖို့အတွက် အခုလို Sideloading ကို ကန့်သတ်မယ့် Security Layer တစ်ခုကို ထပ်ပြီး ထည့်သွင်းသွားမှာဖြစ်တယ်။
ဒါက အခုမှလုပ်တာတော့မဟုတ်ဘူး၊ လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲက စတင်ပြီး Google Play မှာ Verification အတွက် လိုအပ်ချက်အသစ်တွေကို ထည့်သွင်းခဲ့တာမျိုး၊ ဦးဆုံးစမ်းသပ်ခဲ့တဲ့ နိုင်ငံတွေဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာ Brazilian Federation of Banks (FEBRABAN) ၊ ထိုင်းနိုင်ငံမှာလည်း Ministry of Digital Economy and Society နဲ့ အင်ဒိုနီးရှားနိုင်ငံမှာဆိုရင် Ministry of Communications and Digital Affairs လို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေက အခုလို လုံခြုံရေးပိုင်းမှာ အဆင့်တိုးမြှင့်ကန့်သတ်မှု ပြုလုပ်တာတွေက လိုအပ်တဲ့အဆင့်တွေဖြစ်တယ်၊​ လုပ်သင့်တယ်ဆိုပြီး ထောက်ပံ့ပေးနေကြတယ်ဆိုပဲ။
# Android မှာ Sideloading ကို ဘယ်လိုကန့်သတ်မှာလဲ
- အဓိကက User - အသုံးပြုသူတွေကိုမဟုတ်ပဲ Application ကို ထုတ်လုပ်တဲ့ Developer တွေကို ကန့်သတ်သွားမှာဖြစ်ပါတယ်။ ဒီအတွက် "Developer Verification" ဆိုပြီး Android App တစ်ခု မထုတ်ခင်မှာ Developer တွေဘက်ကနေ Play Store မှာ မတင်လည်း Google ဆီက စစ်ဆေးမှုတွေကို ခံယူပြီး Verification Process ကို ပြုလုပ်အောင်မြင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
Google ဘက်က ပေးထားတဲ့ ဥပမာအတိုင်း ပြောရရင် - ဒါက လေဆိပ်မှာ ခရီးသွားလာတဲ့အချိန်မှာ ကိုယ့် ID ကို စစ်ဆေးတဲ့ ပုံစံမျိုးနဲ့ ဆင်တူမှာဖြစ်ပါတယ်။​ ခရီးသွားတဲ့အချိန်မှာ ကိုယ့် Passport နံပါတ်နဲ့ နာမည်ကို Checked Luggage နဲ့ ကိုက်ညီမှုရှိသလား စစ်ဆေးသလိုမျိုးပဲ စစ်ဆေးသွားမှာပါ။
Developer တစ်ဦးက App တစ်ခုကို Publish လုပ်ထားတယ်ဆိုတာနဲ့ အဆိုပါ App ကို User ဘက်က Android Device မှာ Install ပြုလုပ်တဲ့အချိန်မှာ Google ဘက်ကနေ ဒီ​ App က ထုတ်လုပ်ထားတဲ့ Developer နဲ့ တူညီ၊ ကိုက်ညီမှုရှိသလားဆိုတာကို စစ်ဆေးမှာဖြစ်ပါတယ်။ ဒီနေရာမှာ App က မူရင်း Developer နဲ့ ကိုက်ညီသလားပဲ စစ်ဆေးမှာဖြစ်ပြီး အဆိုပါ App ကို ဘယ်ကနေ သွင်းတယ်၊ ဘယ်လို App မျိုးလဲဆိုတာကို စစ်ဆေးမှာမဟုတ်ဘူးလို့ သိရပါတယ်။​
# Google Play Store မှာ မတင်ပဲ App ထုတ်တဲ့ Developer တွေက ဘယ်လိုဖြစ်သွားမလဲ
- Google Play Store မှာ App တင်ရင် လိုအပ်တဲ့ Developer Verification Process လိုမျိုးပဲ Play Store ပြင်ပ - Third-party App Store (သို့) Website တွေမှာ App တင်မယ့် Developer တွေလည်း အခုပြောင်းလဲမှုကြောင့် Verification ပြုလုပ်ရတော့မှာဖြစ်ပါတယ်။
ဒီအတွက်ကို Google ကနေ "Android Developer Console" ဆိုပြီး အသစ်ထုတ်ပေးမှာဖြစ်ပြီး အဓိကအနေနဲ့ ကျောင်းသားတွေ၊ ဝါသနာရှင် Developer တွေအတွက် ရည်ရွယ်မှာဖြစ်ပါတယ်။ တကယ်လို့ Commercial အနေနဲ့ App ထုတ်လုပ်၊ ရောင်းချတဲ့ Developer တွေအတွက်ဆိုရင်လည်း သီးသန့် Android Developer Console တစ်ခုရှိဦးမယ်လို့ သိရပါတယ်။
ဒါကြောင့် Play Store မှာ မတင်ရင်တောင် နောက်ပိုင်း Android App တွေဟာ Developer ဘက်က Verfied ဖြစ်၊ Google ဘက်က စစ်ဆေးမှုတွေ ခံယူပြီးမှပဲ ထုတ်ပေးလို့ရတော့မှာဖြစ်ပါတယ်။
# End User - အသုံးပြုသူတွေအတွက် ဘာပြောင်းလဲသွားနိုင်မလဲ
- အရင်ဆုံးအနေနဲ့ အသုံးပြုသူတွေဆီမှာ ချက်ချင်းပြောင်းလဲမှာတော့မဟုတ်ပေမယ့် အခုအစီအစဥ်ကို တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ဆောင်ရွက်တဲ့အချိန်ရောက်သွားရင်တော့ အနည်းနဲ့အများပြောင်းလဲသွားမှာပါ။
ပထမဆုံးအနေနဲ့ APK Mirror | APK Pure လိုမျိုး Website တွေမှာ ပုံမှန် Play Store မှာ ရတဲ့ App တွေကိုပဲ​ Alternative အနေနဲ့ Download ဖို့ကတော့ အဆင်ပြေလောက်တယ်၊ Developer တွေဘက်ကနေ Verified ဖြစ်နေဖို့ပဲ လိုမယ်။​
ဒါပေမယ့် ရှိပြီးသား App တွေကို ပိုက်ဆံပေးရတဲ့ Paid | Premium Feature တွေကို အခမဲ့သုံးနိုင်အောင် မူရင်း Developer - App ထုတ်တဲ့ကုမ္ပဏီကမဟုတ်ပဲ တခြား Third-party Developer က ပြင်ဆင်ပြီး ထုတ်တဲ့ Modded | Crack App တွေကို Install ပြုလုပ်နိုင်ဖို့က တော်တော်ခက်သွားလောက်မယ်။
ဘာကြောင့်လဲဆိုတော့ Google ဘက်က အဆိုပါ App တွေကို စစ်ဆေးတဲ့အချိန်မှာ ဥပမာ - Spotify Mod App ဖြစ်နေရင် မူရင်း Developer က Spotify မဟုတ်ပဲ Mod လုပ်ထားတဲ့ Developer ဆိုပြီး ဖြစ်နေမယ့်အတွက် Install ပြုလုပ်ခွင့်မပေးပဲ ပယ်ချသွားနိုင်တယ်။# ဘယ်အချိန်မှာစပြီး အခုပြောင်းလဲမှုကို စတင်မှာလဲ
- လောလောဆယ်မှာ Google ကနေ လာမယ့် အောက်တိုဘာလ ၊ ၂၀၂၅ မှာစပြီး Early Access ဆိုပြီး Sign-up အရင်လုပ်ထားတဲ့ တချို့ Developer တွေကို Invitation ပို့ပြီး စမ်းသပ်မယ်။​
မတ်လ ၊ ၂၀၂၆ မှာ စတင်ပြီး Developer တွေအားလုံးအတွက် Verification ပြုလုပ်ခွင့် ပေးလိုက်မယ်။
စက်တင်ဘာလ ၊​ ၂၀၂၆ မှာ အခုပြောင်းလဲမှုကို Brazil | Indonesia | Singapore နဲ့ Thailand နိုင်ငံတွေမှာ စတင်မယ်။
၂၀၂၇ နောက်ပိုင်းမှာ တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ပြောင်းလဲသွားမှာပါ။
- ဘာပဲဖြစ်ဖြစ် အခုပုံစံအတိုင်းဆိုရင် Android ဖုန်းတွေက App တွေကို ပိုက်ဆံပေးစရာမလိုပဲ Crack | Mod App သုံးလည်းရတယ်ဆိုတဲ့ ခေတ်က ပြောင်းလဲသွားတော့မှာပါ။ Security ပိုင်းအရတော့ ပိုပြီး စိတ်ချရသွားမှာ

image