🟡Discus Fish Care Guide🟡
Discus fish လေးတွေဟာ Gold Fish လိုပဲ လူကြိုက်များတဲ့ငါးအမျိုးအစားများထဲမှာပါဝင်ကြပါတယ်။
ဒါပေမဲ့ Discus Fish ကိုတော့ “King Of The Aquarium” လို့တင်စားခေါ်ဝေါ်ကြပါတယ် ဘာကြောင့်လဲဆိုတာကိုတော့ အောက်ပါအချက်လေးတွေကိုလေ့လာကြည့်ကြရအောင်ဗျာ
*မူလဇာတိ = သူတို့ရဲ့ မူလဖြစ်ပေါ်ရာနေရာကတော့ အမေဇုံမြစ်ဝှမ်းတွေနဲ့ Rio Negro မြစ်တစ်လျှောက်မှာ ရှိတဲ့ ရေလွှမ်းလွင်ပြင်တွေမှာတွေ့ကြရပါတယ်
ဒီလိုရေလွှမ်းလွင်ပြင်တွေဟာ ရာသီဥတုပေါ်မူတည်ပြီး ရေအတက်အကျရှိကြပါတယ်
Discus ငါးတွေဟာ သစ်ပင်အုံ့ဆိုင်းပြီး ရေတည်ငြိမ်မှုရှိတာကိုပိုသဘောကျကြပါတယ်
*ရေအမျိုးအစား = chlorine ဓာတ်ကင်းတဲ့ Acidဆန်တဲ့ရေချိုအမျိုးအစားကိုပိုသဘောကျကြပါတယ်
*ကန်အရွယ်အစား = ကန်အရွယ်အစားကတော့ ပိုကြီးလေပိုကောင်းလေဖြစ်ပါတယ် Discus ငါးတွေက ရေမြင့်တာကိုပိုသဘောကျကြပါတယ် ( 10gal = 1fish )
*Temp/Ph = 82°F – 86°F / 6 – 7
*သက်တမ်း = 10 – 15 yrs
*အုပ်စုဖွဲ့နေထိုင်မှုရှိမရှိ = အနည်းဆုံး 6 ကောင်မွေးသင့်
*Tankmate = Neon tetra and other tetra / rum / clown loach / cory ( Discus ငါးတွေဟာ အထီးအမတွဲချိန်နဲ့ ဥဥချိန်တွေမှာဆိုရင် အခြားငါးများကို ရန်လိုတိုက်ခတ်တတ်လို့ ဒီအချိန်တွေမှာ တွဲစုံသပ်သပ်ထားတာဟာ ပိုအဆင်ပြေပါတယ် )
*အစားအစာ = ရေတီ / အစာခြောက် / အမဲနှလုံး / etc ( အစာကျွေးရာတွင် တစ်မျိုးထဲမကျွေးသင့်ပဲ တစ်ပါတ်တစ်ခါ ပုံစံပြောင်းကျွေးသင့်ပါတယ် )
*ထိန်းသိမ်းဂရုစိုက်မှု = တစ်ပါတ်တစ်ခါ 20%-25% ရေပုံမှန်လှယ်ပေးခြင်း /
ရေ ph ကိုပုံမှန်တိုင်းပေးခြင်း / အပူချိန်ပုံမှန်ထားပေးခြင်း /
*အထီးအမခွဲခြားခြင်း = Discus ငါးတွေဟာ အသက်ငယ်စဉ်အချိန်မှာတော့ အထီးအမခွဲခြားဖို့ရန်ခက်ခဲပါတယ် အရွယ်ရောက်ပြီးသော ငါးများကို အထီးအမခွဲခြားနည်းကလဲ နည်းလမ်းအမျိုးမျိုးရှိကြပါတယ်
1. Color & pattern ကြည့်ခွဲနည်း
2. အမြှီးအတောင်များကြည့်ခွဲနည်း
3. အမူအကျင့်များကြည့်ခွဲ နည်းတို့ပဲဖြစ်ပါတယ်
1. Color & pattern ကြည့်ခွဲနည်း
ဒီနည်းမှာဆိုရင် အထီးတွေဟာ အမတွေထက် အရောင်နဲ့ ပုံစံကွက်များ ပိုစိပ် ပိုများတာကိုတွေ့ရပါတယ်
2. အမြှီးအတောင်များကြည့်ခွဲနည်း
ဒီနည်းကတော့ အရွယ်ရောက်ချိန်မှသာ ခွဲခြားနိုင်ပါတယ်
အထီးများဟာ အမများထက် နှုတ်ခမ်းပိုထူခြင်း / ဦးခေါင်းထိပ်ပိုင်းပိုကြီးခြင်း / ခန္ဓာကိုယ်အရွယ်အစားပိုကြီးခြင်း /
အထီးနောက်ရေယက်ဟာ လေးထောင့်ကျခြင်း / အမနောက်ရေယက်ဟာ အဝိုင်းသဏ္ဌာန် ရှိခြင်းတို့ပဲဖြစ်ပါတယ်
3. အမူအကျင့်များကြည့်၍ခွဲခြားခြင်း
တွဲစုံတစ်စုံမှာ ဘယ်ဟာအထီးဘယ်ဟာအမမှန်း မသိကြတဲ့အခါ အမူအရာနဲ့လဲခွဲနိုင်ပါတယ် အထီးဟာ သူ့ရဲ့ တွဲဖက်အမနားသို့မည်သည့်ငါးမျှ အကပ်မခံဘဲ အခြားငါးများကို ရန်လိုတတ်ပါတယ်
*သားဖောက်ခြင်း = Discus ငါးတွေဟာ အသက်၉လ အရွယ်မှာစပြီး မိတ်လိုက်နိုင်ကြပါပြီ
ပထမဦးဆုံးဥတဲ့အတွဲအများစုဟာ ဥများကို လန့်၍ စားခြင်း / သို့မဟုတ် အခြားငါးများရှိနေခြင်းကြောင့်လဲ ဥများကို စားခြင်း ပြုလုပ်နိုင်ကြပါတယ်
ဥများမှသားပေါက်များဖြစ်လာပါက အထီးအမများသည် သားလောင်းများကို မိမိတို့၏ ရှေ့နောက်ဘေးညာ များတွင်းထားစေကာထိန်းကျောင်းပေးပါတယ် သားပေါက်များရေစကူးတတ်ခါစတွင် မိမိတို့၏ ခန္ဓာကိုယ် ဘေးဖက်မှထွက်သော အချွဲအမြှေးပါးများကို သားပေါက်တို့စားစေကာကြီးထွားစေပါတယ်
*ကန်အပြင်အဆင် = ကန်အတွင်းမှာ သစ်ဆွေးတုန်း / အရွက်ပြန့်ကားသောသစ်ပင် / အောက်ခံကျောက်များကို အရွယ်စုံဆိုဒိစုံ ထားပေးသင့်ပါတယ်
*ဆောင်ရန်ရှောင်ရန် = Discus ငါးတွေဟာ ရေအရည်အသွေး အစာအဟာရ အပူချိန် စတာတွေကို အလွန်ဂရုစိုက်ပေးရပါတယ်
#မှတ်ချက် ။ ။ ငါးမွေးသက်အတော်အတန်ကြာရှိ သူများအတွက်သာအဆင်ပြေပါမယ် ရေph နဲ့ အပူချိန်မမှန်မှုတွေကြောင့် ငါးမွေးသူအများစုဟာ Discus ငါးလေးများသေဆုံးမှုကိုကြုံနေကြတာပါ


