1 w - Translate

အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းလေးကို မမှီဘူးဆိုတဲ့
စကားလေးအတိုင်းပါပဲ ဒီတစ်ခါတော့
CM ပရိတ်သတ်ကြီးအတွက် အဟောင်းထဲက အကောင်းလေး
တစ်ကားကို ပြန်လည် တင်ဆက်လိုက်ပါတယ် …နီမို (Nemo) ဆိုရင် မသိသူမရှိသလောက်ပါပဲ …အောင်မြင်မှုများစွာကိုလည်း ရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ် …
ဇတ်လမ်းအကျဉ်းလေးကတော့ Clown fish လေး ဖြစ်တဲ့ မိတဆိုးသားလေး
နီမိုတစ်ကောင် သူနေထိုင်ရာ သမုဒ္ဒရာကြီးထဲကနေ
လူတစ်ချို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရတဲ့အခါ
ဖခင်ဖြစ်သူက လိုက်လံရှာဖွေတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်…ဒီသားပျောက်ရှာပုံတော်မှာ စွန့်စားခန်းတွေ
တစ်လှေကြီးပါဝင်ပြီး ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းနဲ့
စိတ်ဝင်စားစရာလည်းကောင်းတာမို့ ပရိတ်သတ်တွေ
သဘောကျနှစ်ခြိုက်ကြမှာ အသေအချာပါပဲ … ဒီတော့ အားပေးကြပါဦး..

image