သင်မသိနိုင်တဲ့ သူတို့ရဲ့ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေကို စာနာသနားပေးကြပါ။
လမ်းဘေးသတ္တဝါတစ်ကောင်ချင်းစီမှာ မတူညီတဲ့ ခက်ခဲသော ဘဝတွေ ‌ကိုယ်စီ ရှိနေတတ်ပါတယ်။
ဆာလောင်မှုဒဏ်၊ ရာသီဥတုဒဏ်၊အကြောက်တရားနဲ့ နေခဲ့ရတဲ့ စိတ်ဒဏ်ရာတွေသူတို့ကြုံတွေ့ခဲ့ရတဲ့ ဘဝတိုက်ပွဲတွေအကြောင်းကို သင်မသိနိုင်ပါဘူး။
နူးညံ့တဲ့ အထိအတွေ့လေးတွေနဲ့၊
ကြင်နာတဲ့ စကားလေးတွေနဲ့၊
လုံခြုံစွာ အိပ်စက်အနားယူနိုင်တဲ့ အမိုးအကာလေးတွေ ဝေမျှပေးရုံနဲ့ လမ်းဘေးမှာ သူတို့ ခံစားခဲ့ရတဲ့ နာကျင်မှုများကို ကုစားပေးနိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ နှလုံးသားတံခါး‌ကို ဖွင့်ကြပါစို့
လုံခြုံတဲ့ စိတ်ခံစားချက် ဆိုတာ
ချစ်ခြင်းမေတ္တာ ရဲ့အရသာ ဆိုတာ ဘယ်လောက်တောင် ကြည်နူးစရာကောင်းလဲ ဆိုတာ သူတို့တွေကို ကိုယ်တိုင် တွေ့ကြုံ ခံစားစေချင်ပါတယ်။

image