#အိန္ဒိယကြက်သားကင်
#tandoori ကြက်သားကင်
အိန္ဒိယစတိုင် ကြက်ကင်တွေထဲမှာ နံမည်ကြီးတဲ့ Tandoori ကြက်သားကင်လေးပါ။ Tandoori ကြက်ကင်ဆိုတာနဲ့ အရသာကောင်းတဲ့ ကြက်ကင်ဆိုတာကိုတော့ လူသိများပါတယ်။ သူမှာ ပါဝင်တဲ့ ဟင်းချက်ပစ္စည်းတွေနှင့် ဒိန်ချဉ်နှင့် ၁ညခန့်သိပ်ထားတာမို့ ကြက်သားရဲ့ နူးညံ့မှုက ပြောဖွယ်ရာ မရှိပါဘူး။ ဂစ်ကင်ပြားနဲ့ ကင်နိုင်သလို၊ Grill Oven နဲ့လည်း အလွယ်တကူ ကင်စားနိုင်ပါတယ်။ ဟင်းတွေပဲ စားနေရမှာ ငြီးငွေ့နေရင်တော့ ဒီအကင်လေးကို စမ်းကြည့်ဖို့ အကြံပေးလိုက်ပါရစေ။ တူတူ လုပ်စားကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
ကြက်သား ရင်ဗုံနှင့် ပေါင်သား (chicken) ♦ ၂ခု
ဆား (salt) ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
ခေနာ ကြက်သားမွုန့် (chicken powder) ♦ လက်ဖက်ရည်ဇွန်း တဝက်
သံပရာသီး (lime) ♦ ၁လုံး
ဒိန်ချဉ် (yoghurt) ♦ ၁ခြကြ္ခဲ (နို့ဆီဗူး)
ကြက်ြသန္နီ (onion) ♦ တဝက် (နှုတ်နှုတ်စဉ်းပါ)
ကြက်သွန်ဖြူ (garlic) ♦ ၁မွှာ (နှုတ်နှုတ်စဉ်းပါ)
ဂျင်း (ginger) ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းပါ)
မာဆလာ (masala) ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်း
ငရုတ်သီးမွုန့် (red chilli powder) ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
အနီရောင်စိုးဆေး (red food coloring) ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
နံနံပင် (cilantro) ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်း (နှုတ်နှုတ်စဉ်းပါ)
သံပရာသီး (lime) ♦ ၁လုံး
ကြက်ကင်နည်း
၁။ ကြက်သားများကို (ဆား၊ ကြက်သားမှုန့်၊ သံပရာရည်) တို့ကို ရောမွှေပြီ မိနစ်၂၀ခန့် နုပ်ထားပေးပါ။
၂။ ပြီမှ ခွက်တစ်ခုထဲတွင် (ဒိန်ချဉ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ။ ဂျင်း၊ မာဆလာ၊ ငရုတ်သီးမှုန့်၊ အနီရောင်စိုးဆေးမှုန့်) တို့ကို သမအောင် ရောမွှေပေးပါ။
၃။ ပြီနောက် ထိုရောမွှေထားသော အနှစ်များကို ကြက်သားများကို ရောနုယ်ကာ ၆နာရီမှ ၁ညသိပ်သည်အထိ နုပ်ထားပေးပါ။ ကြာကြာနုပ်ထားပေးပါက ပိုမိုကောင်းမွန်သည်။
၄။ ထို့နောက် ကင်ပြား(သို့) oven ဖြင့် နုပ်ထားသော ကြက်သားကို ဆီသုတ်ကာ တဖက်ကို နာရီဝက်နှုန်းဖြင့် ၁နာရီခန့် ကျက်သည်အထိ ကင်ပေးပါ။
၅။ ကျက်ပြီဆိုလျှင် သံပရာသီး၊ နံနံပင်၊ ကြက်သွန်နီတို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

image