ဆေးဖက်ဝင် #ပိုးစာရွက် ဟင်းချိုချက်သောက်ရအောင်
ပိုးစာရွက်တွင် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေတဲ့အာနိသင်ကြောင့် ဆီးချိုကျစေပါတယ်။
သွေးတွင်းအဆီများလျေ့ာကျစေတာကြောင့်သွေးကြောကျဥ်း ခြင်းမှ ကာကွယ်နိုင်ပြီး နှလုံးကျန်းမာစေပါတယ်
သွေးတိုးခြင်းကို လျော့ကျစေတဲ့အာနိသင်ရှိပါတယ်။
မျက်စိအားကောင်းစေပါတယ်။
ဗိုက်တာမင်နဲ့သတ္ထုဓာတ် ဓာ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝရုံသာမက အသည်းအတွက်လည်း အာဟာရပြည့်ဝတဲ့ အရွက်တမျိုးဖြစ်ပါတယ်။
ကိုယ်တွင်းလေနဲ့ အပူများကို ကင်းစင်စေပါတယ်။
မူးဝေခြင်း၊ သွေးဝမ်းသွားခြင်းတို့ကို ကုသရာတွင်လည်း ကူညီပေးသည်၊
အသားအရေကို နုပျိုအောင်ထိန်းသိမ်းပေးရုံသာမက ကြည်လင်တောက်ပစေပါတယ်။
ချောင်းဆိုးခြင်းနှင့် အအေးမိခြင်းလက္ခဏာများကို သက်သာစေနိုင်ပါတယ်။
သွေးအားကောင်းစေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်
သားအိမ်ခေါင်းကင်ဆာ၊အသည်းကင်ဆာ ကို ဆန့်ကျင်စေပါတယ်။
အသည်းရောင်ခြင်း၊ အသည်းပျက်စီးခြင်းမှ လည်း ကာကွယ်ပေးပါတယ် ။
အဆီလောင်ကျွမ်းစေတာကြောင့် ဝိတ်ကျစေပါတယ် ။
ပိုးစာရွက်ကို အကြော်မှုန့်နဲ့ ကြော်စားတာ၊ဟင်းချို ချက်သောက်တာ၊အရွက်ကို ရေနွေးဖျောပြီး သုပ်စားတာ
အတို့အမြှုပ်အနေနဲ့ စားလေ့ရှိကြပါတယ်။မန်ကျည်းသီးနဲ့ ချဥ်ဟင်းချက်သောက်လို့လည်းရသလို ပိုးစာရွက်ကို လက်ဖတ်ခြောက် အနေနဲ့ခပ်သောက်ပေးလို့ရပါတယ်။
