1 ပတ် - ဘာသာပြန်ပါ။

မလိုအပ်သော Driver များမတော်တဆ ထည့်ထားခြင်းများရှိရင် ဖယ်ရှားနည်း။
======================================
Hardware (ကွန်ပျူတာအစိတ်အပိုင်းများ) နဲ့ Operating System (Windows) ဆက်သွယ်ဖို့လိုအပ်တဲ့ Driver များကို မမှန်ကန်တဲ့အမျိုးအစား သို့မဟုတ် မကိုက်ညီတဲ့ Version တစ်ခုထည့်ခြင်း ဖြစ်ပါတယ်။
မတော်တဆ Driver ထည့်ခြင်းကြောင့် ဖြစ်နိုင်သောပြဿနာများ
1. Device အလုပ်မလုပ်တော့ခြင်း
ဥပမာ: Display driver မမှန်တော့မှ မျက်နှာပြင်မဖော်နိုင်, Sound မထွက်တော့
2. Blue Screen Error (BSOD)
Driver conflict ဖြစ်ရင် system crash ဖြစ်တတ်တယ်
3. Windows တက်တာနှေးခြင်း / system တုန်ခြင်း
4. Battery consumption မြင့်ခြင်း (Laptop)
Device driver မမှန်တဲ့အခါ power management ကောင်းစွာမလုပ်နိုင်
5. System မကြာခဏ restart / hang ဖြစ်ခြင်း
✅ Driver မတော်တဆ ထည့်ထားတယ်ထင်ရင် စစ်ကြည့်မယ်
1. Device Manager မှာစစ်ခြင်း
1. Start Menu မှာ “Device Manager” လို့ရိုက်ပြီးဖွင့်ပါ
2. Device များကို ကြည့်ပြီး
⚠️👈 ဒီလိုသင်္ကေတ ရှိသည့် device ကိုစစ်ပါ
3. Right-click → Update Driver / Uninstall Device လုပ်နိုင်သည်
➡️ Windows မှ Automatically Update လုပ်မယ်
1. Settings > Windows Update > Advanced Options > Optional updates
2. သင့် hardware အတွက် driver update ရှိမရှိ စစ်ပြီး install လုပ်နိုင်ပါတယ်
Driver မတော်တဆ ထည့်ခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်နည်း
1. Unknown websites မှ driver မထည့်ပါနဲ့။
2. Driver update software များကို မယုံကြည်သုံးစွဲပါနှင့် (သေချာတဲ့ tools မဟုတ်လျှင်) မသုံးပါနဲ့။

image