၂၀၁၂ ခုနှစ်တုန်းက Jimmy Zhong ဟာ Silk Road လို့ခေါ်တဲ့ ဝက်ဘ်ဆိုဒ်မှာ Bitcoin တွေကို တရားမဝင် ရောင်းဝယ်ဖောက်ကားနေတာကို တွေ့ရှိခဲ့ပါတယ် သူဟာ အဲဒီဝက်ဘ်ဆိုဒ်ရဲ့ ငွေပေးချေမှုစနစ်မှာရှိတဲ့ လုံခြုံရေးချို့ယွင်းချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်
ဒီအားနည်းချက်ကို အသုံးပြုပြီး သူဟာ ဒီနေ့ခေတ်တန်ဖိုးနဲ့ဆိုရင် ဒေါ်လာ ၅ ဘီလီယံတန်ဖိုးရှိ Bitcoin ၅၁,၆၈၀ ကို အောင်အောင်မြင်မြင် နဲ့ ခိုးယူနိုင်ခဲ့ပါတယ်
Bitcoin တွေ ခိုးယူပြီးနောက်မှာ Jimmy Zhong ဟာ သဲလွန်စပျောက်အောင် အဆင့်ဆင့် လွှဲပြောင်းခဲ့ပြီး ၁၀ နှစ်နီးပါးတိတိ ပျောက်ဆုံးနေခဲ့ပါတယ် သူဟာ Bitcoin အချို့ကို ဇိမ်ခံပစ္စည်းတွေ၊ အိမ်ကြီးအိမ်ကောင်းတွေနဲ့ ကားတွေဝယ်ယူကာ ဖြုန်းတီးခဲ့ပြီး အများစုကိုတော့ ဖွက်ထားနိုင်ခဲ့ပါတယ်
၂၀၂၁ ခုနှစ်မှာတော့ FBI အေးဂျင့်တွေဟာ သူ့အိမ်ကို စီးနင်းရှာဖွေခဲ့ပြီး လျှို့ဝှက်ခန်းတစ်ခုထဲမှာ flexible computer စက်တစ်ခုကို တွေ့ရှိခဲ့ပါတယ် ပိုပြီးအံ့ဩစရာကောင်းတာကတော့ အဲဒီစက်လေးကို ပြောင်းဖူးပေါက်ပေါက်ဗူး (popcorn tin) တစ်ခုထဲမှာ ဖွက်ထားတာဖြစ်ပါတယ်
အဲဒီစက်ထဲမှာ သူခိုးယူထားတဲ့ Bitcoin တွေရဲ့ private key တွေကို သိမ်းထားတဲ့ ဖိုင်တွေပါဝင်နေတာကို တွေ့ခဲ့ရပါတယ် ဒီတွေ့ရှိမှုကြောင့် FBI ဟာ သူ့ရဲ့ ခိုးယူထားတဲ့ Bitcoin တွေကို အောင်အောင်မြင်မြင်နဲ့သိမ်းယူနိုင်ခဲ့ပါတယ်
၂၀၂၃ ခုနှစ်မှာတော့ Jimmy Zhong ကို ထောင်ဒဏ်တစ်နှစ်နဲ့ တစ်ရက်သာ ချမှတ်ခဲ့တဲ့အတွက် အများပြည်သူအကြား အံ့ဩစရာဖြစ်ခဲ့ပါတယ် ဒီလိုမျိုး ထောင်ဒဏ်လျော့ပေါ့ခံရတဲ့အကြောင်းရင်းကတော့ သူဟာ သူ ခိုးယူထားတဲ့ Bitcoin အများစုကို အာဏာပိုင်တွေဆီ ပြန်လည်အပ်နှံရာမှာ ပူးပေါင်းဆောင်ရွက်ခဲ့လို့ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်
