ဘာ၀မ်းနည်းစရာရှိလို့လဲ ...
ကျွန်တော်တို့က အစကတည်းကနေ
သူစိမ်းတွေပဲဟာ...
အခုက နည်းနည်းလေး ပိုစိမ်းသွားရုံပေါ့ ။
ခဏနီးခဲ့ခြင်းကို
ကလေးအတွေးနဲ့
ဘယ်တော့မှ မဝေးတော့သလို
အိပ်မက်တွေမက်ပြီး
စိတ်ကူးတွေ ယဥ်ခဲ့မိရုံပါ
ကျွန်တော်တို့က
သူစိမ်းတွေဆိုတာမှန်း
ခဏမေ့သွားပြီး ...
အများကြီး ရင်းနှီးချင်မိသွားခဲ့တာ ။
