1 w - Translate

စက်ရုပ်တွေနဲ့ ထုတ်လုပ်ရေးလုပ်ဖို့ supplier တွေကို Apple ညွှန်ကြား
Apple ကြောင့် တချို့စက်ရုံလုပ်သားတွေ အလုပ်အကိုင်ဆုံးရှုံးမယ့်ကိန်း ရှိပါတယ်။
Apple က အခွန်နဲ့ ထုတ်လုပ်ရေးစရိတ်လျှော့ဖို့ သူ့ suppliers တွေကို လူအစား စက်ရုပ်နဲ့ အလိုအလျောက်စနစ်တွေ သုံးဖို့ ဖိအားပေးနေပြီလို့ ပြောပါတယ်။ အရင်ကလည်း ထုတ်လုပ်ရေးလိုင်းမှာ စက်ရုပ်တွေ automation တွေ သုံးဖို့ Apple က ပြောဖူးပါတယ်။
ဒီတစ်ခေါက်ကတော့ supplier တွေနဲ့ ကန်ထရိုက်စာချုပ်တွေမှာပါ စက်ရုပ်သုံးပါမယ်လို့ စာချုပ်ထည့်ချုပ်လာတာပါ။ တကယ်လို့ လူအစား စက်ရုပ်နဲ့ automation တွေ မသုံးတော့ဘူးဆိုရင် ကန်ထရိုက်ပါ ဆုံးရှုံးရမယ်လို့ သဘောရပါတယ်။
ဒီသတင်းမှန်ရင် Foxconn တို့လို Apple products တွေ တပ်ဆင်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ လူဖြုတ်ပြီး အလိုအလျောက်စနစ်တွေ အဆင့်မြှင့်ရတော့မှာပါ။ အရင်တုန်းကတော့ Apple က လိုချင်တဲ့ specification အတိုင်း မှီအောင် သူနဲ့စာချုပ်ချုပ်ထားတဲ့ ထုတ်လုပ်သူတွေအတွက် စက်ပစ္စည်းတွေ ယန္တရားတွေ ဝယ်ယူပေးတာ ရှိပါတယ်။
အခုတော့ supplier တွေ ကိုယ်တိုင် ပိုက်ဆံသုံးပြီး automation လုပ်မှာမို့ ငွေရင်းစရိတ်တွေ တက်လာပြီး တချို့ထုတ်လုပ်ရေးတွေမှာ ရပ်ဆိုင်းတာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒီစက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ လုပ်သားတွေလည်း အလုပ်လျှော့ပြီး စက်ရုပ်နဲ့ အစားထိုးခံရတာမျိုး ကြုံနိုင်ပါတယ်။

image