အမြဲမြူတွေဆိုင်းနေပြီး မြန်မာလူမျိုးတို့ရဲ့ ရိုးရာယဉ်ကျေးမှုများကိုထိတွေ့ခံစားရမှာဖြစ်တဲ့ ထိုင်းမြန်မာနယ်စပ်မှာတည်ရှိသော တောင်ပေါ်ရွာလေး သို့မဟုတ် နတ်အိမ်တောင်
🏕ထိုင်းနိုင်ငံ၊ ကန်ချနဘူရီတွင်တည်ရှိပြီး အိမ်တောင် ကျေးရွာလေးကိုလွန်ခဲ့သောအနှစ် ၇၀ ခန့် က သတ္တုတူးဖော်ရေးရေပန်းစားလာတဲ့ အချိန်တုန်းကတည်ဆောက်ခဲ့တာဖြစ်ပါတယ်။
ဒီကျေးရွာလေးရဲ့အမည်ကို နတ်အိမ်တောင် မှ အိမ်တောင် ဟုအမည်ပြောင်းခဲ့ပါတယ်။
⛰ဆိုလိုတာကတော့ တောင်ပေါ်ကရွာကလေးဟုအမည်ရတာပဲဖြစ်ပါတယ်။
🚞အိမ်တောင် ကျေးရွာလေးဟာထိုင်းမြန်မာနယ်စပ်မှာတည်ရှိတာဖြစ်တာကြောင့် မြန်မာလူမျိုးတို့ရဲ့ ရိုးရာယဉ်ကျေးမှုများကိုထိတွေ့ခံစားရမှာဖြစ်ပါတယ်။
💁♀️ထိုင်းနိုင်ငံမှာရှိတဲ့တစ်ခြားနေရာတွေနဲ့မတူဘဲ တိတ်ဆိတ်မှု၊ သဘာပတ်ဝန်းကျင် နှင့်ထူးခြားတဲ့ဒေသဆိုင်ရာဓလေ့ထုံးစံများဖြင့် အိမ်တောင်ကျေးရွာလေးဟာ ကမ္ဘာလှည့်ခရီးသည်များလည်ပတ်ရန်စိတ်ဝင်စားစရာနေရာလေးတစ်ခုဖြစ်လာပါတယ်။
🦀လတ်ဆတ်တဲ့ ပင်လယ်စာကိုလည်းစျေးနုံးချိုသာစာနှင့်အရသာကောင်းစွာသုံးဆောင်နိုင်ရာတစ်ခုအဖြစ်တွေ့မြင်နိုင်ပါတယ်။
💁♀️ရွာလေးရဲ့အနီးနားမှာလည်း တစ်ခြားစိတ်ဝင်စားစရာကောင်းတဲ့နေရာကိုလည်ပတ်ကြည့်ရူနိုင်ပါသေးတယ်။
💁♀️သွားရောက်လည်ပတ်နိုင်သေးတဲ့နေရာတွေကတော့
-Jog Kra Din waterfall
- Noen Chang Suek Viewpoint
- Thai border viewpoint
- Khao Chang Phuak Viewpoint
ထိုင်းမြန်မာနယ်စပ်မှာတည်ရှိတာဖြစ်တာကြောင့် ထိုင်းဘက်ရောမြန်မာဘက်ပါ လည်ပတ်နိုင်မှာဖြစ်ပါတယ်။
🚐ဘယ်လိုသွားရမလည်းဆိုရင်တော့ ကန်ချနဘူရီကနေ မနက်ငါးနာရီထွက်တဲ့ ပထမဆုံးအခေါက် Vanကားတွေစီးလို့ရပါတယ်။
🚐ကားတွေကနေ့လည်ဆယ့်တစ်နာရီအထိနောက်ဆုံးထွက်ပါတယ်။
#bangkokguideforyou
#နတ်အိမ်တောင်
#banneaintaung


