အသည်းမကောင်း၊ ကျောက်ကပ်အားနည်းခြင်း၊ အသည်းနဲ့ ကျောက်ကပ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ဒူးနာ၊ အဆစ်အမြစ်ရောင်ရမ် နာကျင်ခြင်းများကို သက်သာစေပါသည်။
ပြုလုပ်နည်း.......
* တောဇီဖြူပင် ၅၀ ဂရမ်ကို ရေ ၁.၅ လီတာဖြင့် ၁၀ မိနစ်ခန့်
မီးအေးအေးဖြင့် ကျိုချက်ပါ။
* ရရှိလာသော အရည်ကို နှစ်ပိုင်းခွဲ၍ မနက်စာနှင့် ညစာ
မစားမီ တစ်နေ့တာအတွင်း ကုန်အောင် သောက်ပါ။
* ဒီနည်းအတိုင်း ၇ ရက်မှ ၁၀ ရက်ဆက်တိုက်သောက်ပြီး
၂ ရက် သို့မဟုတ် ၃ ရက်နားပြီးမှ ဆက်သောက်ပါ။
အကျိုးကျေးဇူး.....
* အသည်းနှင့် ကျောက်ကပ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး အသည်းနှင့် ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများကို ပြန်လည်ကောင်းမွန်စေပါသည်။
* အဆစ်ရောင်ခြင်း၊ ရောင်ရမ်းခြင်းနှင့် ခန္ဓာကိုယ်ရှိ အဆစ်အမြစ်များ နာကျင်မှုကိုလည်း သက်သာစေသည်။
