1 w - Translate

တစ်ချိန်က Tupperware ဟာ လူတိုင်းအသုံးပြုကြတဲ့ အိမ်သုံးပစ္စည်းနာမည်တစ်ခုဖြစ်ခဲ့ပြီး မိသားစုအဆက်ပေါင်းများစွာ လက်ဆင့်ကမ်းသုံးနိုင်လောက်အောင် တာရှည်ခံတဲ့ ထုတ်ကုန်တွေကြောင့် နာမည်ကျော်ခဲ့ပါတယ် သူတို့ရဲ့ လေလုံဘူးတွေဟာ အစားအသောက်တွေကို နှစ်ပေါင်းများစွာ လတ်ဆတ်နေအောင် ထိန်းသိမ်းပေးနိုင်ပြီး အရည်အသွေးပိုင်းမှာလည်း ဘယ်သူမှ မယှဉ်နိုင်ခဲ့ပါဘူး
ဒါပေမဲ့ ကံဆိုးစွာဘဲ ဒီအားသာချက်ဟာ သူတို့ရဲ့ ကျဆုံးခန်းအတွက် အကြောင်းအရင်းတစ်ခု ဖြစ်လာခဲ့ပါတယ် ဘာကြောင့်လဲဆိုတော့ ပစ္စည်းတွေဟာ အရမ်းတာရှည်ခံတာကြောင့် လူတွေဟာ အသစ်ပြန်ဝယ်ဖို့ မလိုအပ်တော့ပါဘူး
နောက်ပြီး ကုမ္ပဏီအများစုက သက်တမ်းတိုတဲ့ပစ္စည်းတွေထုတ်လုပ်ပြီး အမြတ်ရှာနေကြတဲ့ အချိန်မှာ Tupperware ကတော့ သူတို့ရဲ့ စီးပွားရေးပုံစံထက် ပိုပြီး သက်တမ်းရှည်တဲ့ ပစ္စည်းတွေကို ဖန်တီးနေမိခံ့ပါတယ် ပြောင်းလဲလာတဲ့ လူနေမှုပုံစံတွေနဲ့ ဈေးသက်သာတဲ့ ပြိုင်ဘက်အမှတ်တံဆိပ်တွေရဲ့ ယှဉ်ပြိုင်မှုတွေ ပေါင်းစပ်လာတဲ့အခါမှာတော့ ဒီကုမ္ပဏီဟာ ရုန်းကန်လာရပါတော့တယ်
ဒီအချက်ဟာ ထူးဆန်းပြီး ဝမ်းနည်းစရာ စီးပွားရေးသင်ခန်းစာတစ်ခု ဖြစ်ပါတယ် တစ်ခါတလေ ကိုယ့်လုပ်ငန်းမှာ "အရမ်းကောင်းနေတာ" က ကိုယ့်ရဲ့ အကြီးမားဆုံး အားနည်းချက် ဖြစ်လာနိုင်တယ်ဆိုတဲ့ သင်ခန်းစာဘဲဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image