ဘဝမှာ ငွေမရှိရင် ဘယ်လောက် ဒုက္ခရောက်တယ်ဆိုတာ လူတိုင်းသိပါလိမ့်မယ်။
ကိုယ့်ဘဝရဲ့ ရာခိုင်နူန်း (၈၀) လောက်က ငွေကထိန်းချုပ် ထားတာပါ ။
ငွေမရှိလို့ အနေဆင်းရဲ၊အစားဆင်းရဲ၊လူတောမတိုးရဲကြဘူး။
တချို့လူတွေ ပြောကြတယ်...
ငွေမရှိရင်ဘာမှမဖြစ်ဘူး စိတ်ချမ်းသာဖို့က အဓိကတဲ့။
ဒါအမှန်တရား မဟုတ်ပါဘူး...။
ငွေကပဲလူတွေရဲ့ စိတ်ချမ်းသာမှုကို ဖန်တီးပေးပါတယ် (၁၀၀) ရာခိုင်နူန်းတော့ မဟုတ်ပါဘူး။
ငွေမရှိရင် ကျန်းမာရေး ၊ လူမှုရေး အားလုံး အားနည်းနိုင်ပါတယ် ။
ငွေကိုတန်ဖိုး ထားပါ။ ငွေကို အကျိုးရှိရှိ အသုံးပြုပါ။
ငွေရဲ့ တန်ဖိုးက ငွေမရှိတဲ့အချိန် အရမ်းသိရပါတယ်။
သုံးရတာလွယ်သလောက် ရှာရတာ အရမ်းခက်ခဲပါတယ်။
Credit
