1 w - Translate

ထိုင်း ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်မယ့် နည်းလမ်း အဆင့်ဆင့်
ထိုင်းနိုင်ငံရဲ့ ၃၁ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်တဲ့ Paetongtarn Shinawatra ကို ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်မှု အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ရာထူးကနေ ဖယ်ရှားခဲ့ပြီး ဝန်ကြီးအဖွဲ့တစ်ဖွဲ့လုံးလည်း ဖျက်သိမ်းခံခဲ့ရပါတယ်။ အခုဆိုရင် ဝန်ကြီးချုပ်အသစ် ရွေးချယ်တင်မြှောက်ဖို့အတွက် မဲခွဲဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
ခုံရုံးရဲ့အမိန့်ကြောင့် ရာထူးလစ်လပ်သွားတဲ့အခါ ဝန်ကြီးချုပ်အသစ်တစ်ယောက်ကို ရွေးချယ်တင်မြှောက်ရမယ့် လုပ်ငန်းစဉ်က ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၁၆၀(၄) နဲ့ ၁၆၀(၅) အရ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဝန်ကြီးချုပ်အသစ် ရွေးချယ်တင်မြှောက်ရေး လုပ်ငန်းစဉ်
၁။ ဒုတိယဝန်ကြီးချုပ်က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး ဝန်ကြီးအဖွဲ့ကလည်း ဝန်ကြီးအဖွဲ့အသစ် တာဝန်မယူခင်အထိ အိမ်စောင့်အစိုးရအဖြစ် ဆက်လက်တာဝန်ယူရပါတယ်။ ဝန်ကြီးချုပ်က ခန့်အပ်ထားတဲ့ နိုင်ငံရေးရာထူးတွေနဲ့ အရာရှိတွေကတော့ ရာထူးကနေ ချက်ချင်းထွက်ပေးရပါတယ်။ ဒါပေမယ့် ဝန်ကြီးတွေက ခန့်အပ်ထားတဲ့ ဝန်ကြီးအကြံပေးတွေ၊ ဝန်ကြီးတွေရဲ့ အတွင်းရေးမှူးတွေနဲ့ လက်ထောက်အတွင်းရေးမှူးတွေလို အရာရှိတွေကတော့ ဝန်ကြီးအဖွဲ့အသစ် ကျမ်းသစ္စာမကျိန်ဆိုခင်အထိ အိမ်စောင့်အနေနဲ့ ဆက်လက်တာဝန်ယူရပါတယ်။
၂။ အောက်လွှတ်တော်က ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ဖို့ အစည်းအဝေးခေါ်ယူပါတယ်။ နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲကော်မရှင် (EC) မှာ မှတ်ပုံတင်ထားတဲ့ သူတို့ရဲ့ ဝန်ကြီးချုပ်လောင်းစာရင်းတွေထဲကနေ တင်သွင်းနိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၉ အရ အမတ်စုစုပေါင်း ၄၉၂ ယောက်ထဲက အနည်းဆုံး ၂၄၇ ယောက်၊ ဆိုလိုတာက လွှတ်တော်အမတ်အားလုံးရဲ့ ထက်ဝက်ကျော်ရဲ့ ထောက်ခံမဲကို ရတဲ့ ကိုယ်စားလှယ်လောင်းက ဝန်ကြီးချုပ် ဖြစ်လာမှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်လောင်း တင်သွင်းထားတဲ့ ပါတီတွေ
ဝန်ကြီးချုပ်လောင်း တင်သွင်းထားတဲ့ ပါတီတွေကတော့-
💢Pheu Thai Party: Chaikasem Nitisiri
💢Bhumjaithai Party: Anutin Charnvirakul
💢United Thai Nation Party: Gen Prayut Chan-o-cha နဲ့ Pirapan Salirathavibhaga
💢Democrat Party: Jurin Laksanawisit
အောက်လွှတ်တော် ဥက္ကဋ္ဌက ကိုယ်စားလှယ်လောင်းတစ်ယောက် လိုအပ်တဲ့မဲအများစုရရှိတဲ့အထိ ဝန်ကြီးချုပ်ရွေးချယ်ဖို့ အစည်းအဝေးတွေကို အချိန်စာရင်းဆွဲပြီး ခေါ်ယူပေးသွားမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဲဒီလုပ်ငန်းစဉ်အတွက် အချိန်ကာလ အတိအကျ သတ်မှတ်ထားတာမျိုး မရှိပါဘူး။
Ref : Nation Thailand
#crd #ထိုင်းဝန်ကြီးချုပ်

image