1 ပတ် - ဘာသာပြန်ပါ။

နေ့လည်စာအစာပြေ ငှက်ပျောသီးပန်ကိတ်လုပ်စားကြည့်နော်..
တော်တော်များများလုပ်စားကြလို့ လုပ်စားဖြစ်တယ်။
တကယ့်ကိုစားကောင်းတာ ကလေး၊လူကြီးအားလုံးကြိုက်နှစ်သက်ပါတယ်။
ပါဝင်ပစ္စည်း
⏩⏩⏩
ငှက်ပျောသီး ၃ လုံး၊
ကြ က်ဥ ၂ လုံး၊
PEP နို့မှုန့်အသေး ၁ ထုတ်၊
သကြား ထမင်းစားဇွန်း ၃ ဇွန်း (အချိုကြိုက်က ပိုထည့်ပါ)၊
ထောပတ် ထမင်းစားဇွန်း ၁ ဇွန်း၊
ဂျုံမှုန့် ထမင်းစားဇွန်း ၆ ဇွန်း၊
ဆား အနည်းငယ်၊
ပါဝင်ပစ္စည်းအားလုံးကို အသားကြိတ်စက်နဲ့ကြိတ်ပြီး(လက်နဲ့ချေလဲရ) မကပ်အိုး/ဒယ်နီနဲ့ မီးအေးအေးထားပြီး ဆီအနည်းဆုံးထည့်ပြီးကြော်ပါ။
တစ်ဖက်ကျက်ပြီဆိုမှ နောက်တစ်ဖက်လှန်ပါ။
အထဲကမှုန့်သားလဲနပ်ပြီဆို ပုဂံထဲဆယ်ထည့်ပြီး တစ်ချပ်ခြင်း သို့မဟုတ် နှစ်ချပ်ဆံ့လျင်နှစ်ချပ်ထည့်ကာ မုန့်နှစ်ကုန်သည်အထိ ဆက်ကြော်သွားပါ။
ပြီးလျင်ရေနွေးကြမ်းနဲ့ပဲစားစား ကော်ဖီလေးနဲ့ပဲစားစားလုံးဝရှယ်ပါတယ်။
ငှက်ပျောသီးတွေအရမ်းမှည့်ပြီးမစားချင်လျင် အခုလိုလေးလုပ်စား အဟာရလဲပြည့် အိမ်လုပ်ဆီသန့်မုန့်လေးလဲစားရလို့ ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။

image