1 ပတ် - ဘာသာပြန်ပါ။

#ဟော့ပေါ့ (ကြက်ချဥ်စပ်)

ပါဝင်ပစ္စည်း
ကြက်သား(စားမယ့်လူပမာဏနဲ့ချိန်ပြီးကြိုက်သလောက်ထည့်ပါ)
ကြက်သွန်ဖြူ/ဂျင်းအနည်းငယ်
ဟော့ပေါ့အနှစ်ထုပ်
အသားမှုန့်/ဆားအနည်းငယ်
ကြက်အူချောင်း/ဝက်အူချောင်း
ကြိုက်နှစ်သက်ရာအသား/ဟင်းသီးဟင်းရွက်အမျိုးမျိုးထည့်လို့ရပါတယ်
ချက်ပြုတ်နည်း
ဆီကိုအိုးကပ်တယ်ဆိုရုံလေးထည့်ပြီးဂျင်းနဲ့ကြက်သွန်ဖြူကိုဆီသတ်ပါ
အနံ့လေးမွှေးလာပြီဆိုကြက်သားထည့်ပါ (ကြက်သားကိုဆား/ဆနွင်း/အချိုမှုန့်အနဲငယ်ထည့်နယ် ထားပေးပါ)
ကြက်သားအရောင်ပြောင်းပြီးအနဲငယ်ခြောက်လာပြီဆို ဟော့ပေါ့အနှစ်ထည့်ပါ ရေမထည့်သေးပဲ ကြက်သားနဲ့ဟော့ပေါ့အနှစ်ကို
၅မိနစ်ခန့်ချက်ပေးပါ ပြီးရင်ရေထည့်ပါကြက်သားကျက်စေရန်၁၀/၁၅မိနစ်ခန့်တည်ထားပေးပါ
(ဒီအဆင့်မှာတခြားအသား/အသားလုံးစတဲ့ကျက်ဖို့လိုတဲ့အဆာပလာတွေထည့်ထားလို့ရပါပြီ)
-အပေါ့အငန်အတွက်အသားမှုန့်/ဆားကိုလိုသလောက်ထည့်ပေးပါ
ရေဗွမ်းဗွမ်းဆူပြီးအသားတွေလဲကျက်ပြီဆိုရင်တော့မိမိကြိုက်နှစ်သက်ရာအရွက်တွေထည့်ပြီးသုံးဆောင်နိုင်ပါပြီ

image