1 ပတ် - ဘာသာပြန်ပါ။

သီးနှံတွေကို တစ်ရာသီပြီး တစ်ရာသီ အမြဲစိုက်ပျိုးနေတဲ့ မြေဆီလွှာဟာ အပင်စိုက်ပျိုးတဲ့သူတိုင်းအတွက် သဘာဝ အဖိုးတန်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ကျန်းမာတဲ့ မြေဆီလွှာမှာဆိုရင် သေးငယ်တဲ့ အဏုဇီဝသက်ရှိတွေ၊ များပြားတဲ့ အာဟာရဓာတ်တွေနဲ့ မျှတကောင်းမွန်တဲ့ ဖွဲ့စည်းတည်ဆောက်မှုရှိကြတာ ဖြစ်ပါတယ်။ မြေဆီလွှာ ကျန်းမာမှုမရှိတဲ့အခါ ထွက်ရှိလာတဲ့ သီးနှံတွေမှာလည်း အာဟာရပါဝင်မှုနည်းပြီး ကျွန်တော်တို့ လူသားတွေရဲ့ ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုရှိနိုင်တာ ဖြစ်ပါတယ်။ ထို့ကြောင့် မြေဆီလွှာရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးဖို့ သေချာပေါက် လိုအပ်ပါတယ်။ ယခုဆောင်းပါးမှာတော့ အဖိုးတန်မြေဆီလွှာကို တတ်နိုင်သမျှ အကောင်းဆုံးအခြေအနေမှာရှိနေဖို့ ထိန်းသိမ်းပြုပြင်နိုင်မယ့် နည်းလမ်းအချို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ကျန်းမာတဲ့ မြေဆီလွှာဆိုတာ အာဟာရမျှတပြီး ကျန်းမာကောင်းမွန်တဲ့ မြေဆီလွှာဆိုတာ အော်ဂဲနစ်ပစ္စည်းတွေနဲ့ အဏုဇီဝသက်ရှိတွေ ပေါကြွယ်ဝနေတဲ့ မြေဆီလွှာကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျန်းမာတဲ့ မြေဆီလွှာမှာဆိုရင် အကျိုးပြု အဏုဇီဝသက်ရှိတွေ ရှင်သန်ပေါက်ပွားနိုင်ပြီး အပင်တွေလည်း ကျန်းမာသန်စွမ်းစွာနဲ့ ကြီးထွားဖွံ့ဖြိုးကြမှာ ဖြစ်ပါတယ်။ မြင်သာအောင်ပြောရရင် မြေဆီဩဇာကြွယ်ဝတဲ့ မြေသားလက်ဖက်ရည်ဇွန်း ၁ ဇွန်းမှာ ပါဝင်တဲ့ အကျိုးပြုသက်ရှိလေးတွေရဲ့ ပမာဏဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူသားအရေအတွက်ထက်ကို ပိုများတာ ဖြစ်ပါတယ်။ ၎င်းသက်ရှိလေးတွေဟာ သဘာဝ အော်ဂဲနစ်ပစ္စည်းတွေ ဖြစ်ကြတဲ့ အပင်အကြွင်းအကျန်နဲ့ သဘာဝစွန့်ပစ်ပစ္စည်းတွေကို ပြိုကွဲသွားအောင် ပြုလုပ်ပေးနိုင်တာဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုတွေကြောင့်ပဲ မြေဆီလွှာမှာ မြေးဆွေးဓာတ်တွေ တိုးလာတာ ဖြစ်ပါတယ်။ မြေဆွေးကနေ ဆက်လက်ပြိုကွဲပြီး ကျွန်တော်တို့အပင်တွေ စားသုံးနိုင်တဲ့ အစာပုံစံကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ အဏုဇီဝသက်ရှိတွေဟာ အော်ဂဲနစ်ဒြပ်စင်တွေကို ဖြိုခွဲလိုက်တာနဲ့တပြိုင်နက် အပင်ရဲ့အမြစ်ဆီကို ရေနဲ့လေ လွယ်ကူစွာဝင်ရောက်နိုင်ဖို့အတွက်လည်း မြေဆီလွှာကိုပါ ဖြိုခွဲပေးနိုင်တာ ဖြစ်ပါတယ်
မြေကြီးကို ဖုံးအုပ်ထားပါ
မြေကြီးမျက်နှာပြင်ကို ကောက်ရိုး၊ သစ်ရွက်များ စသော သေဆုံးနေသော မြေဖုံးပစ္စည်း များဖြင့် ဖုံးအုပ်ထားပါ။ သို့မဟုတ် အရွက်ရင့်များ တစ်ရွက်နှင့် တစ်ရွက် ယှက်နေစေရန် အပင်များကို စိပ်စိပ်စိုက်ခြင်း အားဖြင့် ရှင်သန်နေသော မြေဖုံး ပင်များကို စိုက်ပျိုးထားပါ။ အရွက်များသည် ကာဘွန် များကို ဖမ်းယူနိုင်သကဲ့သို့ အလင်းမှီ အစာချက်ခြင်းကို ပိုမိုအကျိုးရှိစေသလို ပေါင်းစေ့များ အပင်ပေါက်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း ရှင်းလင်းပြပါသည်။
တက်နိုင်သလောက် မနှောက်ယှက်ပါနှင့်
ထွန်ယက်ခြင်းက မြေဆီလွှာ ကျန်းမာရေးကို သိသိသာသာ နှောက်ယှက်ပါသည်။ ထိုသို့ နှောက်ယှက်ခြင်းသည် ပေါင်းစေ့များကို အပင်ပေါက်ရန် အားပေးပါသည်။ ထို့ပြင် မြေဆီလွှာထဲရှိ ဘီလီပေါင်းများစွာသော သက်ရှိအဏုဇီဝ ပိုးများကို ဖျက်ဆီးသလို အပင်အဟာရဓာတ်များ၏ သံသရာကိုလည်း အနှောက်အယှက်ပြုပါသည်။
မှန်ကန်သောအလွှာကို အပေါ်တွင်ထားပါ
ကျန်းမာသော မြေဆီလွှာသည် အပေါ်ယံ ၃ - ၆ လက်မတွင် လေလိုအပ်သော ဘက်တီးရီးယား များဖြင့် ပြည့်နှက်နေပြီး မြေကြီးအောက် နက်လာလေလေ လေမဲ့ ဘက်တီးရီးယားများ ပိုများ လာလေလေ ဖြစ် ပါသည်။ ကောင်းမွန်သော မြေကြီး ထမင်း စားဇွန်း တစ်ဇွန်းလျှင် အဏုဇီဝ သက်ရှိပေါင်း ၁ ဘီလီယံ ရှိပါသည်။ ယေဘူယျအားဖြင့် ကျွန်တော်တို့အနေဖြင့် လေလိုအပ်သော ဘက်တီးရီးယားတို့၏ ပတ်ဝန်းကျင်ကို မြှင့်တင်ပေး လိုကြောင်း လင်းနစ်က ပြောခဲ့သည်။ ကျွန်တော်တို့ အနေဖြင့် လေလိုသော ဘက်တီးရီးယားမှ လေမဲ့ ဘက်တီးရီးယား ပတ်ဝန်းကျင် ပါဝင်မှု အနေအထားကို ထိန်းသိမ်းထားလိုပါသည်။ မြေကြီးကို လှန်လိုက်သောအခါ အဏုဇီဝ သက်ရှိများစွာ ရှင်သန်သော အပေါ်ယံမြေဆီလွှာသည် သေသွားပြီး ယင်းသေဆုံးမှုသည် ပြန်လည် စုစည်း အသက်ရှင်နိုင်ရန် အချိန်အတိုင်းအတာ တစ်ခုထိ လိုအပ်ပါသည်။
အမျိုးအစား စုံလင်သော သြဂဲနစ်ပစ္စည်းများ ထည့်သွင်းပါ
အခြားတစ်နည်းအနေဖြင့် ကျွန်ုပ်တို့ကဲ့သို့ မြေဆီလွှာသည်လည်း မျှတသော အစားအစာ လိုအပ်ပါသည်။ မြေဆီလွှာအတွက် ကာဘွန်ကြွယ်ဝသော မြေသြဇာ၊ မြေဆွေး၊ ပဲနှင့် နှံစား ၇၀ : ၃၀ အချိုး အရောကဲ့သို့သော နိုက်ထရိုဂျင်နှင့် ကာဘွန်ကြွယ်ဝသော မြေဖုံးသီးနှံများ ထည့်ပေးရန် လိုအပ်ပါသည်။
ကျန်းမာသော မြေဆီလွှာသည် သင့်ဥယျာဉ်၏ ရှင်သန်သော စနစ်ဖြစ်ပါသည်။ ထိုမြေဆီလွှာသည် မြေအောင်းရောဂါများကို လျှော့ချနိုင်ပြီး အကျိုးပြုအဏုဇီဝများအတွက် ကောင်းမွန်လှသော ခိုလှုံရန် အိမ် တစ်ဆောင် ကို ထောက်ပံ့ပေး ထားပါသည်။ ဤသို့ဖြင့် အကျိုးပြုအဏုဇီဝများကို အကာအကွယ်ပေးပြီး အဟာရများကို ထုတ်လုပ်ပေးသည့်အပြင် အန္တရာယ်ဖြစ်စေသည့် အရာများကို ဖယ်ရှားပေးပါသည်။ ကျန်းမာသောမြေဆီလွှာတွင် ရေ လေ ခိုနိုင်သော နေရာလွတ် ၅၀% ရှိပါသည်။ ထွန်ယက်ခြင်း အနည်းငယ် ပြုလုပ်ပေးခြင်းဖြင့် မြေကြီးတွင် ရေထိန်းနိုင်စွမ်းကို တိုးမြှင့်ပေးပါသည်။ အထက်ပါ ရိုးရှင်းသော အလေ့အကျင့်များကို လိုက်နာခြင်းအားဖြင့် သင့်မြေဆီလွှာသည် လူ့ကျန်းမာရေး အတွက် အရေးပါလှသော ကျန်းမာသန်စွမ်းသော အပင်များကို ထုတ်လုပ်ပေးမှာ ဖြစ်ပါသည်။
REF : A Growing Culture

image