မိုးယွန်းကြီးအင်း☘️
ရန်ကုန်ကနေသွားရင် သိပ်မဝေးတဲ့ ဆောင်းခိုငှက်တို့ ပျော်စံရာ မိုင်းယွန်းကြီးအင်းအပန်းဖြေစခန်း☘️
🚗ခရီးအဝေးကြီးလည်းမသွားချင်ဘူး နီးနီးနားနား ပေါ့ပေါ့ပါးပါးသွားလည်လို့ရတဲ့နေရာလေးတခုညွှန်ပြပေးလိုက်ပါတယ်နော်☘️
📷ဓါတ်ဖမ်းချင်တဲ့သူတွေအတွက် နေရာလှလှလေးတွေ တံတားလေးတွေ ကြာကန်တွေလဲရှိပါတယ်
🌸ကြာပွင့်မပွင့်ကတော့ ကိုယ့်ကံပဲကလေးလေးတွေအတွက် ကစားကွင်းလေးလုပ်ပေးထားတယ်☘️
🚣♀️မိုးယွန်းကြီးအပန်းဖြေစခန်းသွားရင်ဘာတွေရှိလဲဆိုတော့
🏡 ဝါးတဲလေးတွေရယ်
🏞 တံတားလေးတွေရယ်
🏕 သစ်တောအုပ်လေးရယ်
🎑 လှေပုံ အိမ်လေးတွေရယ်
🌸 ကြာပန်းလေးတွေရယ်
🌄 Sunset ရှုခင်းရယ်စသည့်ဖြင့်တွေ့ရှိရမှာပါနော်😍
အစားသောက်တွေလည်းများစွာရရှိတဲ့အတွက်ကြောင့်ဝါးတီးချင်တဲ့သူတွေအတွက်ဆိုအဆင်ပြေတယ်☺️
📍ရန်ကုန်-မန္တလေး လမ်းဟောင်း၊ မိုင်တိုင်( ၇၀) ပျဥ်ပုံကြီးမြို့၊ဘုရားမှတ်တိုင်
📍ရန်ကုန်ကနေအမြန်လမ်းအတိုင်းလာပါ။ ဘုရားကြီး ( 39 ) မိုင်ရောက်တဲ့အခါ ဘုရားကြီးလမ်းဆုံအထိမောင်းခဲ့ပါ။ လမ်းဆုံရောက်တဲ့အခါ ရန်ကုန် ၊ မန္တလေးလမ်းဟောင်းအတိုင်းဘယ်ဘက်ကိုချိုးပြီးတည့်တည့် ဆက်သွားပါ။ မိုးယွန်းကြီးအင်းကလမ်းရဲ့ ညာဘက်ခြမ်းမှာရှိပါတယ်
.
မြန်မာ့အလှ မြန်မာ့ဘ၀
#credit
