မျက်ရည်တွေ ခမ်းကုန်ပီလားလိုတောင်ထင်ပီး ငိုရတဲ့ စာအုပ် စာရေးဆရာကို အရေးသားကောင်းလို့ ဇာတ်အိမ်ဖွဲ့တက်လို့ ခွင့်လွှတ်ပေးလိုက်မယ် ရက်စက်တဲ့ စာရေးဆရာကြီး
ချစ်တတ်လွန်းတဲ့ ဖိုးဇော်
ဖိုးဇော် မဂ်လာဆောင်တဲ့နေ့ မျိုးမျိုးဒါလီက ငါ ကိုယ်တိုင်ဖြစ်သွားသလို နစ်မျောပီး အငိုရဆုံးအခန်း ညဘက်ကြီး ငါ့ရှိုက်သံက အဖေလဲ တရေးနိုး
ဖိုးဇော်လို ဖိုးဇော်အမေလို လူတွေ အများကြီး ရှ်ိစေချင်တယ် review ရေးချင်တာ မရေးတတ်လို့ ဖတ်ကြည့်ချင်တဲ့သူတွေ ဖတ်ကြည့်ကြ တကယ်လက်ကမချဘဲ စာအုပ်ထဲမှာနစ်မျောနေမိမှာ ငါဆို စာအုပ်ပြီးသွားမှာတောင် ဆိုးမိနေတာပါဆို တကယ်ကောင်း
“အစ်မက မိန်းမလျာလေ …
မင်းအတွက် အစ်မမှာ မက်မောစရာ ဘာရှိလို့လဲ”
“မိန်းမလျာဖြစ်နေတာကိုက ကျွန်တော့်အတွက် မက်မောစရာပဲလေ ။ မိန်းမလျာတစ်ယောက်ကို ချစ်ကြည့်လိုက်မှပဲ
မိန်းမလျာတွေဟာ သိပ်ကို မက်မောစရာကောင်းတယ်ဆိုတာ ပိုသိလာရတယ် ။”
၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းကာလကို အခြေခံထားပြီး မိန်းမလျာတွေရဲ့ ဘဝ နဲ့ ချစ်ခြင်းမေတ္တာ အကြောင်းကိုရေးဖွဲ့ထားပြီး တစ်ခေတ်တခါက ဆက်သွယ်ရေးအခြေအနေတွေနဲ့ HIV /AIDS အကြောင်းများကိုပါ အသိပညာပေးထားတဲ့ စာအုပ်တစ်အုပ်ပါ ။
“၀တ္ထုဇာတ်အိမ်အရ သမားရိုးကျမဟုတ်သော သံယောဇဉ်တစ်ခုကို အခြေခံထားပြီး ဇာတ်ပို့ ၊ ဇာတ်ရန် မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဖွဲ့စည်းထားကာ သာမန်လူများ ဝင်ရောက်ကျင်လည်ရန် ခက်ခဲသော လူမှုအသိုင်းအဝိုင်း တစ်ခုအတွင်းမှ အကြောင်းအရာများ ၊ ထောင့်ငါးရာ နှင့် ငါးရာနှစ်ဆယ့်ရှစ်မေတ္တာနှင့် ပတ်သက်၍ ယခင်အချိန်က ဆိုးရွားစွာရှိခဲ့ဖူးသော ခွဲခြားနှိမ့်ချဆက်ဆံခြင်းများအား ပေါ်လွင်အောင် ရေးသားပုံဖော်ထားသည်ကို တွေ့ရပါသည်
#ခေါင်ရမ်းပန်းတစ်ပွင့် #phyokoko
