Junction square က ရုပ်ရှင်ရုံအရှေ့နားမှာ
🦍 King Kong ဆိုင်ခွဲအသစ် ဖွင့်ထားတာသိပြီး သတိထားမိကြပြီးလားဗျို့ .. 🥰
ဒီဆိုင်ကတော့ ဆိုင်ဖွင့်ဖွင့်ချင်း Discount ပေးတာရယ်နဲ့
ကျောင်းသားကလေးတွေကအစ လူတွေစည်ကားနေလို့တန်းစီ စောင့်၀ယ်စားခဲ့လိုက်တယ် .. စားလို့ကောင်းမှ ကောင်း 🥰
🦍 King Kong က ပုံမှန် စားနေကျ အကင်ပုံစံတွေနဲ့ မတူကွဲပြားတာက တုတ်ထိုးတွေကို ကင်တာမဟုတ်ပဲ ဆီပူပူထဲမှာ ကြော်ပေးတဲ့ စီချွမ်တုတ်ထိုးကြော် မွှေးမွှေးလေးမလို့ တော်တော်များများကြိုက်ကြတဲ့ဆိုင်လေးပါ
😋စျေးလေးတော့ အရမ်းကြီးသက်သာတဲ့ထဲမပါပေမယ့် အရသာကတော့ စားလို့ကောင်းမှ ကောင်းဖြစ်နေတာ
စီချွမ် တုတ်ထိုးကြော် ရဲ့ အရသာကို
👉 🌶️ မာလာ ( ထုံထုံစပ်စပ် ) အရသာ နဲ့ ✨ ဝူရှမ်း (ချိုမွှေး) အရသာ
ဆိုပြီး ၂ မျိုးရွေးလို့ရပါတယ် ၊၊ ကျနော်ကတော့ ၀ူရှမ်း ( ချိုမွှေး ) အရသာကို ပိုပြီးကြိုက်တယ်ဗျ
( 🌶️ အစပ် level ကတော့ 1 , 2 , 3 ( ၃မျိုး ) ရှိပြီး အဆင်ပြေရာရွေးချယ်လို့ရပါတယ် )
ရနိုင်တဲ့ items တွေကတော့ အခြားဆိုင်တွေနဲ့ အတူတူဘဲဗျ
👉 ဒီဆိုင်လေးမှာ စပ်စပ်လေးတွေ စားပြီးတိုင်း အစပ်ပြေစေဖို့ … Jelly Roselle / Jelly Lemon / Jelly Quince /Jasmine Passion / Lemon Jasmine ဆိုတဲ့ (၄,၀၀၀)ကျပ်တန် အအေးတွေလည်း ရှိပါတယ်
ဖွင့်ခဲ့တဲ့ ဆိုင်ခွဲတွေထဲမှာ
😍ဒီဆိုင်ခွဲက နေရာ တော်တော်ကျယ်တယ်ပြောရမယ်
ဒါပေမယ့် လာစားကြတဲ့ Customers တွေများတာမို့ တစ်ခါတစ်လေ စောင့်ပေးရတာမျိုးတော့ရှိတယ်
အပူခံအိတ်၊ ဘူးလေးတွေနဲ့ထည့်ပေးတာမလို့
😍အလွယ်တကူ သယ်ယူသွားလို့ရပြီးကျနော်တို့လို ရုံးသမား ကျောင်းသမားတွေအတွက်ဆိုရင်
ရုံးမှာ စားဖို့ ယူသွားလို့ရပါတယ် ၊၊
သွားစားမယ်ဆိုရင် ..
⛩️ ဆိုင်အမည် -🔺KingKong Myanmar
🚩 ဆိုင်လိပ်စာ -Junction Square Branch: 03-033, Level(3), Junction Square, Between Pyay Road & Kyun Taw Road, Kamayut Township, Yangon
#foodinyangon 🩷
( ရန်ကုန်မြို့စားသောက်ဆိုင်လမ်းညွန် )
