1 ပတ် - ဘာသာပြန်ပါ။

အမျိုးသမီးများအတွက်- ချွေးထွက်တာဟာ အဆီကျတာမဟုတ်ပါ
နာရီပေါင်းများစွာ ပြေးရင်တောင် ဗိုက်အဆီတွေ ကျဖို့ခက်ပါတယ်။
ဒီအချက် ၈ ချက်ကို လိုက်နာပြီး ဗိုက်အဆီတွေကနေ လှပတဲ့ ခါးအဖြစ် ပြောင်းလဲတဲ့ခရီးစဉ်စတင်လိုက်ပါ။
၁။ ချွေးထွက်တာဟာ အဆီကျတာနဲ့ မတူပါဘူး။
ချွေးဆိုတာ ခန္ဓာကိုယ်ထဲက အရည်တွေ ဆုံးရှုံးတာပါ။ အဆီမဟုတ်ပါဘူး။အဆီလောင်ကျွမ်းမှု (Fat oxidation) ဟာ ကြွက်သားတွေက စွမ်းအင်လိုအပ်မှ ဖြစ်တာပါ။ အင်္ကျီတွေ ရွှဲရုံနဲ့ မဟုတ်ပါဘူး။
၂။ အဆီကျဖို့အတွက် Resistance training က အဓိကပါ။
ကြွက်သားတစ်သျှူးတွေဟာ ဇီဝကမ္မဖြစ်စဉ်မှာ တက်ကြွလှုပ်ရှားပါတယ်။ကြွက်သားတွေ တိုးလာလေ၊ နေ့စဉ်စားသုံးတဲ့ ကယ်လိုရီပမာဏ ပိုများလာလေပါပဲ။ အနားယူနေချိန်မှာတောင် ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ ဒါက cardio လေ့ကျင့်ခန်းတစ်ခုတည်းနဲ့ မရနိုင်တဲ့ အကျိုးကျေးကျေးဇူးပါ။
၃။ Cardio က cortisol ကို မြင့်တက်စေပါတယ်။
ကြာရှည်စွာ ပြေးတာ၊ လေ့ကျင့်တာဟာ cortisol ကို မြင့်တက်စေပြီး ဗိုက်တစ်ဝိုက်မှာ အဆီသိုလှောင်တာကို အားပေးပါတယ်။
ကြွက်သားကို ထိန်းသိမ်းပေးတဲ့ လေ့ကျင့်ခန်းတွေကတော့ ဒီဟော်မုန်းဆိုင်ရာ ဖိစီးမှုကို လျှော့ချပေးပါတယ်။
၄။ မှန်ကန်တဲ့လေ့ကျင့်မှုက အဆီကျတာကို အရှိန်မြှင့်တင်ပေးပါတယ်။
အားကစားလေ့ကျင့်မှု (Strength training) နဲ့ ကောင်းမွန်တဲ့ အနားယူမှုကို ပေါင်းစပ်လိုက်မယ်ဆိုရင် insulin, estrogen နဲ့ cortisol ဟော်မုန်းတွေကို ဟန်ချက်ညီစေပြီး ဗိုက်ခေါက်အဆီတွေကို cardio ထက် အများကြီးပိုမြန်စေပါတယ်။
၅။ ဝိတ်မတာက insulin sensitivity ကို ကောင်းမွန်စေပါတယ်။
အလေးမတာ (Strength work) ဟာ ကြွက်သားထဲမှာ GLUT-4 transporters တွေကို တိုးပွားစေပါတယ်။ ဒါကြောင့် glucose တွေဟာ အဆီအဖြစ် သိုလှောင်မခံရဘဲ စွမ်းအင်အဖြစ် အသုံးပြုဖို့ ဆဲလ်တွေထဲကို ဝင်ရောက်နိုင်ပါတယ်။
၆။ အများကြီးလုပ်ဖို့မလိုပါဘူး။
ကြာရှည်တဲ့ လေ့ကျင့်ခန်းတွေဟာ thyroid ဟော်မုန်းထွက်တာကို လျော့ကျစေပြီး ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေပါတယ်။
တိုတောင်းပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကတော့ ဟော်မုန်းတွေကို ထိန်းသိမ်းပေးပြီး အဆီကျတာကို တည်ငြိမ်စေပါတယ်။
ရ။ ပရိုတင်းစားသုံးချိန်က အရေးကြီးပါတယ်။
လေ့ကျင့်ခန်းလုပ်ပြီးနောက် ပရိုတင်းစားတာက muscle protein synthesis ကို မြင့်တက်စေပါတယ်။
ဇီဝကမ္မဖြစ်စဉ်နှုန်းကို မြှင့်တင်ပေးပြီး အမျိုးသမီးတွေမှာ အဆီလောင်ကျွမ်းမှုကို တိုက်ရိုက်အထောက်အကူပြုပါတယ်။
၈။ ကြွက်သားတင်းအား (Muscle tension) က အရေးအကြီးဆုံးပါ။
ထိန်းချုပ်ထားတဲ့၊ စိန်ခေါ်မှုရှိတဲ့ အလေးတွေနဲ့ လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ်ကို လိုက်လျောညီထွေဖြစ်အောင် အချက်ပြပါတယ်။ကြွက်သားတွေ တည်ဆောက်ပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ကာ အဆီကျတာကို ပုံမှန်ဖြစ်စေပါတယ်။
ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#crd