1 w - Translate

အမရပူရက စားသောက်ဆိုင်ကို ဆီဘောက်ဆာကားဝင်တိုက်လို့ ဆိုင်မီးလောင်ပြာကျခဲတဲ့အပြင် လူသုံးယောက်သေ၊ ဒဏ်ရာရသူတွေရှိနေ
စက်တင်ဘာ ၁ ၊ ၂၀၂၅
GG (VOM)
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊မြစ်ငယ်နဲ့ ကျောက်စိမ်းဘုရားလမ်း​ပေါ်က ကောင်းကောင်းနန်းတော် စားဥယျာဉ်ကို ဆီဘောက်ဆာကား ဝင်တိုက်ပြီး မီးလောင်မှုဖြစ်ပွားကာ လူသုံးယောက်သေဆုံးမှုရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။
ဖြစ်စဥ်မှာ ဒီနေ့ စက်တင်ဘာလ ၁ ရက်နေ့ မနက် ၆ နာရီ ၄၅ မိနစ်လောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း မနက်ခင်း လူစည်ကားချိန်ဖြစ်ပွားခဲ့တာဖြစ်လို့ ထိခိုက်ဒဏ်ရာရရှိသူ ရှစ်ယောက်လောက် ရှိနေတယ်လို့ ကနဦးသိရပါတယ်။
" လောလောဆယ် သိရတာ သေဆုံးသူသုံးဦးသိရတယ်။ ဒဏ်ရာရသူတွေ လည်းရှိတယ်။အထဲမှာတာဝန်ရှိသူတွေက စိစစ်ဆဲဆိုတော့ ကျွန်တော်တို့ဝင်လို့မရသေးဘူး သေချာမသိရသေးဘူး။ ပြောကြတာတော့ ဆီဘောက်ဆာကားကဝင်တိုက်တာလို့ပြောပါတယ်။" လို့ မြေပြင်ကူညီရေးရောက်ရှိနေတဲ့ မဏိစလ လူမှုကူညီရေးအသင်းဝင်ကပြောပါတယ်။
လက်ရှိမှာ မီးငြိမ်းသွားပြီးနောက် မီးလောင်မှုအခြေအနေနဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရရသူ ၊သေဆုံးသူတွေကို စိစစ်နေပြီး ရှင်းလင်းရေးလုပ်နေကြောင်း၊ မီးလောင်မှုကြောင့် ဆိုင်တဆိုင်လုံးမီးလောင်ကျွမ်းပြာကျသွားတယ်လို့သိရပါတယ်။
"ပထမနှစ်လောင်းတွေ့တယ်။ပြီးတော့တလောင်းထပ်တွေ့တယ်။ ဒဏ်ရာရသူလည်းများတယ်။မနက်ပိုင်းလူစည်ချိန်မှာဖြစ်သွားတော့ ထိခိုက်မှုပိုများသွားတယ်ထင်ပါတယ်။" လို့ ဒေသခံတယောက်ကပြောပါတယ်။
မန္တလေးမှာ ဩဂုတ် ၂၀ ရက်နေ့နဲ့ ၂၁ ရက်ကလည်း အမရပူရမြို့နယ်၊မြစ်ငယ် စာတိုးကျေးရွာအနီးက ရေနံချက်ဖို မီးလောင်မှုဖြစ်ပွားခဲ့သလို ၊ ပုသိမ်ကြီးမြို့နယ် ၊ထုံးဘို-မြစ်ငယ်ဖြတ်လမ်း အနီး ဆီဆိုင်ခြံဝန်းအတွင်း နေအိမ်မီးလောင်မှုဖြစ်စဥ်တွေရှိခဲ့ပါတယ်။
ဓာတ်ပုံ - than htay

image