7 w - Translate

မန္တလေးတွင် လက်ဖက်ရည်ဆိုင်ကို ဆီဘောက်ဆာကား ဝင်တိုက်၊ ၃ ဦး သေဆုံး
ဧရာဝတီ၊ စက်တင်ဘာ ၁၊ ၂၀၂၅
မန္တလေးမြို့ အမရပူရမြို့နယ် စစ်ကိုင်း- မြစ်ငယ်ကားလမ်း ကျောက်စိမ်းဘုရားအနီး ကောင်းကောင်းနန်းတော် စားဥယျာဉ်ရှေ့တွင် ဖွင့်လှစ်ထားသော 7 Star လက်ဖက်ရည်ဆိုင်ကို ဆီဘောက်ဆာကားတစီး ဝင်တိုက်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားရာ ၃ ဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းမီးသတ်တပ်ဖွဲ့ထံက သိရသည်။
ယနေ့ နံနက် ၇ နာရီကျော်အချိန်တွင် 7 Star လက်ဖက်ရည်ဆိုင်၌ လူစည်ကားနေချိန် လမ်းပေါ် မောင်းနှင်နေသည့် ဆီဘောက်ဆာယာဉ်တစီးမှာအရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးငြှိမ်းသတ်ရာတွင် ပါဝင်ခဲ့သူတဦးက “ကောင်းကောင်းနန်းတော်ရဲ့ အရှေ့မျက်နှာစာမှာ ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်ကို ဝင်တိုက်တာ၊ ကားဝင်တိုက်ပြီး မီးလောင်မှု သတင်းရတော့ နယ်မြေခံမီးသတ်ကားတွေ ထွက်ခွာ ငြှိမ်းသတ်ခဲ့တာပါ၊ DB ၃ လောင်း တွေ့ပါတယ်” ဟု ဧရာဝတီကို ပြော သည်။
အဆိုပါ ဆီဘောက်ဆာကားမှာ ဆိုင်ကယ်တစီးအား တိမ်းရှောင်ချိန် လက်ဖက်ရည်ဆိုင်အတွင်း ကန့်လန့်ဖြတ်ဝင်တိုက်ရာ ဆိုင်ရှိ စားသုံးသူများနှင့်တကွ ဆိုင်ဝန်ထမ်းများ ထိခိုက်ဒဏ်ရာမှုများလည်း ရှိကြောင်း သိရသည်။

image