ဗီလာဂိုးသမား မာတီနက်ဇ်နဲ့ မန်ယူနိုက်တက် သဘောတူညီမှု ရရှိ
မန်ယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာအသင်းက အာဂျင်တီးနားဂိုးသမား အမ်မီလီယာနိုမာတီနက်ဇ်ကို ခေါ်ယူဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။
မန်ယူနိုက်တက်အနေနဲ့ လက်ရှိမှာ ဗီလာအသင်းထံ ဆက်သွယ်ပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
မာတီနက်ဇ်(၃၂ နှစ်)ဟာ ပရီးမီးယားလိဂ်ပွဲ ၁၉၇ ပွဲ ကစားထားပြီး လက်ရှိ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် ဂိုးသမားတစ်ယောက်လည်း ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆု ရခဲ့တဲ့အပြင် Fifa တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို နှစ်ကြိမ် ဆွတ်ခူးထားပါတယ်။
မန်ယူနိုက်တက်အနေနဲ့ နွေရာသီအစောပိုင်းက
မာတီနက်ဇ်ကို အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့
ဗီလာဘက်က လက်မခံခဲ့ပါဘူး။
ဘန်လေနဲ့ပွဲအပြီးမှာ မန်ယူနိုက်တက်နည်းပြ
အာမိုရင်မ်ကိုယ်တိုင် အသင်းမှာ ဂိုးသမားပြဿနာ
ရှိနေတယ်လို့ ဝန်ခံခဲ့ပါတယ်။crd
