ချစ်သူတွေဖြစ်ကြောင်း ဝန်ခံလိုက်တဲ့ ဟိန်းဝေယံ နဲ့ စိုးပြည့်😍
ပရိသတ်တွေ ရဲ့ အချစ်တော် ငယ်ဇင်စုံတွဲလေးဖြစ်တဲ့ ဟိန်းဝေယံနဲ့စိုးပြည့်တို့ဟာချစ်သူတွေဖြစ် ကြောင်း ယနေ့ ဩဂုတ်လ ၃၀ရက်နေ့က ပရိသတ်များရှေ့မှာ ဝန်ခံခဲ့တာဖြစ်ပါတယ်။
စိုးပြည့် က " စိုးပြည့်တို့ ကအထိမ်းအမှတ်နေ့လေးကျမှပြောမယ်တွေးထားပေမယ့် ပရိသတ်တွေကိုလည်းပျော်စေချင်လို့ ဝန်ခံတာပါ။ စိုးပြည့်နဲ့ကိုဟိန်းဝေယံရဲ့အပြုအမူလေးတွေကိုပရိသတ်တွေသိကြမှာပါ "လို့ပြောပါတယ်။
ကိုဟိန်းဝေယံကလည်း ကျန်တာတွေပြောစရာမရှိပါဘူး အဓိကက စိုးပြည့်လေးစိတ်ချမ်းသာရင်ကျေနပ်ပျော်ရွှင်ရပါတယ်လို့ ထပ်မံပြောခဲ့ပြီး ချစ်သူတွေဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။
